မုဒုံ ဇူလိုင် ၁၇
ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က မွန်ပြည်နယ် မုဒုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရှင်အရဟံခန်းမ၌ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်စန္ဒာက အာဇာနည်နေ့အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး ကျောင်းသား/သူများမှ အာဇာနည်စိတ်ဓာတ်အစဥ်ထာဝရ ကိန်းအောင်းရှင်သန်စေရန်နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိခေါင်းစဥ်များဖြင့် အသီးသီးပြောကြားသည်။ ထို့နောက် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဖြင့် အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား/သူများအား ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများက ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနားအား ကျောင်းသား/သူများမှ “အာရှသူရဲကောင်း ” တေးသီချင်းဖြင့် သီဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောက်မျိုးသူ (ပြန်/ဆက်)