မုဒုံ ဇူလိုင် ၁၇
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က(ညောင်ကုန်း)စာသင်ကျောင်းခန်းမ၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်နီနီအေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ဇော်ဝင်းက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့်သုံးစွဲခြင်းဖြင့် ရရှိမည့်ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး ဥပဒေအကြောင်းအရာများကို ပြောကြားသည်။ ထို့နောက် မြို့မရဲစခန်းမှူးဒုရဲမှူးဝင်းထွဋ်အောင်က သတင်းအတု၊ သတင်းအမှားအကြောင်းနှင့် မှုခင်းကျဆင်းရေးအကြောင်းအရာများကို ပြောကြားသည်။
ဆက်လက်၍ ယာဥ်ထိန်းရဲတပ်ဖွဲ့စိတ်(မုဒုံ)မှ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်းကိုပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေကာ ဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူ ၂၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)