မော်လမြိုင်မြို့၌ လစာ၊ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ လစာ၊ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ခြောက်ထပ်ရုံး)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။