မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်မော်လမြိုင် ပြည်သူ့ဆေးရုံကြီး အနောက်ဆောင် အမျိုးသမီးခွဲစိတ်ဆောင်ပေါ်သို့ ပိတောက်ပင် လဲကျမှုဖြစ်ပွား

မော်လမြိုင် ဇူလိုင် ၂၇

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ တောင်ပေါ်ဆောင်လမ်းရှိ မော်လမြိုင် ပြည်သူ့ဆေးရုံကြီး အနောက်ဆောင်  အမျိုးသမီးခွဲစိတ်ဆောင်ပေါ်သို့ ယမန်နေ့နံနက်ပိုင်းက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်  ဆေးရုံကြီး အမျိုးသမီးခွဲစိတ်ဆောင် အနောက်ဘက်ရှိ ပိတောက်ပင် ပြိုလဲကျပြီး  ထိခိုက်ပျက်ဆီးခဲ့သဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးကျော်သူနှင့်အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဦးအဖွဲ့၊ မော်လမြိုင် တပ်နယ်အဖွဲ့ ဒုတိယဗိုလ်မှူးကြီး အောင်ဇော်ဟိန်းအဖွဲ့၊  လူမှုကူညီရေးအဖွဲ့ ဘိုဘိုဝင်းနှင့်အဖွဲ့၊ ရပ်ကျေးအဖွဲ့များ ပူးပေါင်း၍ရှင်းလင်းဆောင် ရွက်ခဲ့‌ကြောင်းသိရသည်။

ပိတောက်ပင် ပြိုလဲကျမှုကြောင့် ပြည်သူ့ဆေးရုံကြီး အမျိုးသမီးခွဲစိတ်ဆောင် (၂) ထပ်ဆောင် အဆောက်အဦရုံးခန်း အုတ်ကြွတ် အမိုးပြား (၁၉၂) ပြား၊  မြင့်မိုရ် ပိတ်နံရံ (၁၅ အနံ ×အလျား ၅၀) ပေ၊ မျက်နှာကျက် (၃၀ အနံ ×အလျား ၅၀) ပေ၊ ထုတ်တန်း (အနည်းငယ်) ပျက်စီးဆုံးရှုံးသွားခဲ့ပြီး ဆုံးရှုံးမှုခန့်မှန်းတန်ဖိုး သိန်း (၅၀) ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် လူနှင့်တိရိစ္ဆာန် ထိမှုမရှိကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)