သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာရှိ ရေဘေးရှောင်ပြည်သူများထံ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒုံသမိချောင်းရေ မြင့်တက်လာရာ ရေဘေးလွတ်ရာရှောင်တိမ်းနေထိုင်ကြသည့် ဒူးရင်းဆိပ်ကျေးရွာ အနိမ့်ပိုင်းမှ ရေဘေးရှောင်ပြည်သူများအား သထုံခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီနှင့် ဌာနဆိုင်ရာများပူးပေါင်းကာ ယနေ့ နံနက်ပိုင်းက အခြေခံစားသောက်ကုန်များကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။