မွန်ပြည်နယ်

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား/သူ များအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ရှိ DTM ကိုယ်ပိုင်အထက်တန်းကျောင်းမှ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား/သူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ရွှေဟင်္သာခန်းမ၌ ကျင်းပသည်။

မော်လမြိုင်မြို့၌ တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်

မော်လမြိုင်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာနှင်းဝေမျိုးနိုင်နှင့် ဒု-ဦးစီးမှူးဒေါ်ကေဇင်စိုးတို့မှ မော်လမြိုင်မြို့နယ်အတွင်း နွားမွေးမြူသူများကို တိရစ္ဆာန်အစာပေါများစေရန်အတွက် ကောက်ရိုးကိုစနစ်တကျထုပ်ပိုးသိမ်းဆည်းခြင်း၊ ကောက်ရိုးချဉ်ဖက်ပြုလုပ်ခြင်း၊ ကောက်ရိုးကို ယူးရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်း တောင်သူပညာပေးသရုပ်ပြလုပ်ငန်းများကို မြေနီကုန်းရပ်ကွက်၊ ဦးမင်းနိုင်ဦး၏ နွားခြံတွင် ပညာပေးသရုပ်ပြခြင်း ဆောင်ရွက်ခဲ့သည်။

သထုံမြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်‌ဆေးခြင်း အသိပညာပေးဟောပြောခြင်းများ ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးငယ်များ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရန် အပတ်စဉ်‌ကျန်းမာရေးစစ်‌ဆေးခြင်း၊ အသိပညာပေးခြင်းတို့ကို လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ဇရစ်ချောင်ကျေးရွာအုပ်စု(အလံတရာလေသာ)အခြေခံပညာ မူလတန်းကျောင်း၌ လိုက်လံဆောင်ရွက်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့် သံလွင်မြစ်‌ရေမြင့်တက်လာမှုကြောင့် ပြည်သူများ ဘေးလွတ်ရာသို့ပြောင်းရွှေ့

ပေါင်မြို့နယ်၌ ဇူလိုင် (၂၈) ရက်နေ့ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်း၍သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် လက်ပံကျွန်းကျေးရွာ အနိမ့်ပိုင်း၌ရေဝင်သဖြင့် ဒေသခံပြည်သူများ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း သိရသည်။

ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံကိန်းဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ရေလွှမ်းမိုးမှုဖြစ်ပွားနေသည့် ဒုံဝန်းကျေးရွာအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများထံ သောက်ရေသန့်များ လိုက်လံလှူဒါန်း

ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာ အနိမ့်ပိုင်းရပ်ကွက်နေပြည်သူများထံ အဆိုပါကျေးရွာအခြေစိုက် နှောင်ကြိုးမဲ့ပရဟိတ လူမှုကူညီရေးအသင်းမှ သောက်ရေသန့်များ လိုက်လံလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

သထုံမြို့နယ်အတွင်းရှိ ရေဘေးရှောင်ပြည်သူများထံ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒုံသမိချောင်းရေ မြင့်တက်လာရာ ရေဘေးလွတ်ရာရှောင်တိမ်းနေထိုင်ကြသည့် ဒူးရင်းဆိပ်ကျေးရွာနှင့် ဈေးမသွယ် (အထက်)ကျေးရွာအနိမ့်ပိုင်းတို့မှ ရေဘေးရှောင်ပြည်သူများအား သထုံမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက အခြေခံစားသောက်ကုန်များကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မီးရထားသံလမ်း ရေနစ်မြှုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ယနေ့နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် သိမ်ဇရပ်မြို့၊ အမှတ်(၄) ရပ်ကွက်ကြီး၊ နဝရတ်ရပ်ကွက်အနီး၊ ရန်ကုန်-မော်လမြိုင်မီးရထားလမ်းမိုင်တိုင်အမှတ်(၇၇/၁၈)နှင့်(၇၇/၂၂)အကြား မီးရထားသံလမ်း အရှည်(၅၀၀)ပေခန့်၊ အနက်(၂)ပေခန့်မှာ ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။ 

ဘီးလင်းမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ရေဘေးသင့် ပြည်သူများ အတွက်တစ်ပတ်စာဆန်ရိက္ခာဖိုးငွေထောက်ပံ့ပေးအပ်

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးရှောင်ပြည်သူ များအတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဘီးလင်းမြို့၊ ဘိုးရာဇာ ရပ်ကွက် ရေဘေးကယ်ဆယ်ကွပ်ကဲရေးရုံး၌ ပြုလုပ်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟ စနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည်  ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့၊ နံနက်ပိုင်းက မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ၊ အလှပ်ကျေးရွာ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် ကမ်းရိုးတန်းဒေသ တစ်ခုဖြစ်ပြီး ကမ်းရိုးတန်း တစ်လျှောက်လုံးရဲ့ ဂေဟစနစ်များ ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေး၊ ကမ်းရိုးတန်း သယံဇာတများကို စနစ်တကျစီမံအုပ်ချုပ်နိုင်ရေး အထူးအလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒေသခံ ပြည်သူများအနေဖြင့်လည်း ဒီရေတောများ ကာကွယ်ထိန်းသိမ်းရေး၊ လေပြင်းဒဏ်ခံနိုင်တဲ့ သစ်မျိုးများ စိုက်ပျိုးခြင်းဖြင့် ဒီရေတောများ ကာကွယ်ထိန်းသိမ်း ကာကွယ်ရေးစတဲ့ လုပ်ငန်းစဉ်တွေကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကား ပြောကြားခဲ့သည်။
Subscribe to မွန်ပြည်နယ်