ချောင်းဆုံမြို့နယ်၌ ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး (၃၈)ဖြာ ကိုယ်ကျင့်သီလမင်္ဂလာ ဗဟုသုတများ ဆွေးနွေးပို့ချ

ချောင်းဆုံ ဇူလိုင် ၂၇

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ၂၀၂၄ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး (၃၈)ဖြာမင်္ဂလာ ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် World Peace Ethics Contest နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ (၃၈)ဖြာ ကိုယ်ကျင့်သီလမင်္ဂလာ ဆင့်ပွားသင်တန်းပို့ချခြင်းကို ယမန်နေ့နံနက်ပိုင်းက ချောင်းဆုံ(အ.ထ.က)ကျောင်း သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

(၃၈)ဖြာ ကိုယ်ကျင့်သီလမင်္ဂလာပြိုင်ပွဲကို ထိုင်းနိုင်ငံ World Peace Ethics Contest မှ  မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည်မှာ (၆)ကြိမ်မြောက် ရှိပြီးဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များ (၃၈)ဖြာမင်္ဂလာ တရားတော်များကို ကိုယ်တိုင်သိရှိပြီး ကျင့်သုံးနိုင်ကြရန်နှင့် ကိုယ်ကျင့်သီလကောင်းမွန်သော လူငယ်လူရွယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယခုနှစ်တွင် ပညာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း (၃၈)ဖြာကိုယ်ကျင့်သီလမင်္ဂလာပြိုင်ပွဲ မြန်မာနိုင်ငံကိုယ်စားလှယ်(တာဝန်ခံ) ဒေါ်ဂျုစီလှအောင်က ပြောကြားခဲ့သည်။

အဆိုပါပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၇)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၈၉)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်များအား သင်ကြားပို့ချနိုင်ရန်အတွက်  ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများအား  တာဝန်ရှိသူများမှ ဆင့်ပွာသင်တန်း ဆွေးနွေးပို့ချခြင်းနှင့် သင်ကြားရေးအထောက်ကူပြု စာအုပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)