ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဘီးလင်းမြို့နယ်ရှိ ရေဘေးရှောင်ပြည်သူများအား ခေါက်ဆွဲခြောက်များ လာရောက်လှူဒါန်း

ဘီးလင်း ဇူလိုင် ၂၇

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဘီးလင်းမြို့နယ်ရှိ ရေဘေးရှောင်ပြည်သူများအတွက် ခေါက်ဆွဲခြောက်ဖာများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က ဘီးလင်းမြို့နယ် ယာယီရေဘေးကယ်ဆယ်ကွပ်ကဲရေးရုံး ဖွင့်လှစ်ထားရှိရာ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့နယ် ရေးဘေးရှောင်ပြည်သူများအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခေတ္တဥက္ကဋ္ဌ ဒုတိယရဲမှူးကြီးဆန်းနိုင်ဦးနှင့် အဖွဲ့ဝင်(၂) ဦးဇေယျာဦးတို့မှ ငွေကျပ် (၈၅၀၀၀၀) တန်ဖိုးရှိ ခေါက်ဆွဲခြောက်ဖာ ၅၀ အား ရေဘေးသင့်ပြည်သူများထံသို့ လွဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများသို့သွားရောက်၍ ရေဘေးသင့်ပြည်သူများအား လိုအပ်ချက်များကိုမေးမြန်းပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)