ကရင်ပြည်နယ်

ကရင်ပြည်နယ်တွင် မိုးစပါး ၄၂၇၁၅၁ ဧက စိုက်ပျိုးမည်

ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် မိုးစပါး ၄၂၇၁၅၁ ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး လျာထားဧကပြည့်မီကျော်လွန်ရေးနှင့် တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက် ပြည့်မီကျော်လွန်ရေး တောင်သူစည်းရုံးပညာပေးလုပ်ငန်းများ၊ မြေယာထွန်ယက် ပြုပြင်ပျိုးထောင်စိုက်ပျိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရွှေဖူး ကိုယ်ပိုင်အလယ်တန်းကျောင်း၌ ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ ပညာရွှေဖူး ကိုယ်ပိုင်အလယ်တန်းကျောင်း၌ ကျောင်းအပ်နှံရေးအခမ်းအနားကို ဇွန်လ ၂ ရက်နေ့ နံနက် ၈ နရီခွဲက အဆိုပါ ကျောင်းခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား တူညီဝတ်စုံ(Uniform)များ ချီးမြှင့်ပေးအပ်

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား တူညီဝတ်စုံ(Uniform)များ ချီးမြှင့်ပေးအပ်သည့်အခမ်းအနားကို ဇွန်လ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။

လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ပညာရေးဝန်ကြီးဌာန၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇွန်လ(၂)ရက်နေ့တွင် ကျောင်းများပြန်လည်ဖွင့်လှစ်ပြီးဖြစ်ရာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၃၁၁)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁)ကျောင်းနှင့်ကိုယ်ပိုင် ကျောင်း(၃)ကျောင်းကို ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့နေ့လယ်(၁၂)နာရီအချိန်က လှိုင်းဘွဲမြို့မဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်း နှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော “ ရဲဝံ့တဲ့သူ အောင်ပွဲယူ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တရားမဝင်ကုန်သွယ်မှုများသည် နိုင်ငံ့စီးပွားတိုးတက်ရေးကို များစွာထိခိုက်စေသည့်အတွက် ထိရောက်စွာ တားဆီးအရေးယူဆောင်ရွက်နိုင်ရေး ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၄ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။

လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များအား တူညီဝတ်စုံ (Uniform) များ ချီးမြှင့်ပေးအပ်

လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့်ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များအား ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တူညီဝတ်စုံ(Uniform)များ ချီးမြှင့်ပေးအပ်သည့်အခမ်းအနားကို ဇွန်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။

မြဝတီမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဆက်လက်ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူး၍ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ အစိုးရ ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ကို ရှေးဟောင်းသမိုင်းဝင် ရွှေမြင်းဝန်စေတီတော်အတွင်းရှိ သာသနာ့ဟိတကာရီဗိမာန်တော် စာဖြေဌာန၌ ဇွန်လ ၄ ရက်နေ့  နေ့လယ် ၁၂ နာရီက စတင်ကျင်းပပြုသည်။

အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လိုက်လံကြည့်ရှုအားပေး

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့ ယနေ့နံနက်ပိုင်းမှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖွင့်လှစ်နေပြီဖြစ်ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၏ စတင်ဖွင့်လှစ်သင်ကြားပို့ချပေးနေမှုများနှင့် ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှု အခြေအနေများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်