သံတောင်ကြီး စက်တင်ဘာ ၂၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကျောင်းသူ၊ ကျောင်းသားများ ဒေသခံပြည်သူများ၊ သက်ကြီးရွယ်အိုများ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများကို သိရှိစေရန်အတွက် စက်တင်ဘာ ၂၃ ရက်နေ့ နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးနံရံကပ်စာစောင်တွင် သစ်တောတွေဟာကမ္ဘာမြေရဲအဆုတ်ပါ၊ သစ်တောဖြုန်းတီးရခြင်းအကြောင်းအရင်းတစ်ခုက သစ်ထုတ်လုပ်ခြင်း၊ သစ်ပင်တွေဟာ နည်းမျိုးစုံနဲရေကိုထိန်းသိမ်းပေးတယ်၊ ကမ္ဘာမြေကြီးရဲ့အစိမ်းရောင်လွမ်းခြုံနေမှုဟာ လျင်မြန်စွာ ပျောက်ကွယ်နေတယ်၊ လူရဲအကောင်းဆုံးမိတ်ဆွေဟာသစ်ပင်ပါ၊ သစ်ပင်တွေကို အသစ်ပြန်စိုက်တာထက် ရှိပြီးသားတွေကို မခုတ်တာက ပိုထိရောက်တယ် စသည့်အကြောင်းအရာများကို ပြသဆောင်ရွက်ပေးခဲ့ရာ ဒေသခံပြည်သူများ၊ ကျောင်းသူ၊ ကျောင်းသားများက စိတ်ပါဝင်စားစွာ ဝင်ရောက်ဖတ်ရှုခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ကျောင်းသူ/ကျောင်းသားများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် နေ့ထူးနေ့မြတ်များနှင့် လစဉ် အခါအားလျော်စွာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နော်နော်မူ