မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းမှုအား ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကြည့်ရှုအားပေး
ကရင်ပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်၊ နယ်မြေရဲစခန်းအသီးသီးတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၈ နာရီခွဲက ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ) ရောဂါဗေဒဌာန သွေးလှူဘဏ်၌ ကျင်းပသည်။