ကရင်ပြည်နယ်

ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တရားမဝင်ကုန်သွယ်မှုများသည် နိုင်ငံ့စီးပွားတိုးတက်ရေးကို များစွာထိခိုက်စေသည့်အတွက်ထိရောက်စွာ တားဆီးအရေးယူဆောင်ရွက်နိုင်ရေး ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။

မြဝတီမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ   အသိပညာပေးလုပ်ငန်း တိုးမြှင့်ဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း လမ်းအသုံးပြုသူမော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူများအား မော်တော်ယာဉ် နည်းဥပဒေ/ ဥပဒေပါ သတ်မှတ်ပြဌာန်းချက်များအတိုင်း တိကျစွာ လိုက်နာမှုရှိစေရေး အသိပညာပေးစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ ညနေ ၃:၀၀ နာရီက အမှတ် (၄) ရပ်ကွက် မြို့နယ်အကောက်ခွန်ဦးစီးဌာန ရုံးရှေ့၌ ဆောင်ရွက်သည်။  

ပိုင်ကျုံမြို့၊ ကစိုကျေးရွာဘုန်းတော်ကြီးကျောင်း၌ မိုးစပါးအထွက်တိုး စိုက်ပျိုးနည်းနှင့် ကော်ဖီစိုက်ပျိုးပြုစုနည်း အသိပညာပေး ဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊  ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စု၊ ကစိုကျေးရွာဘုန်းတော်ကြီးကျောင်း၌  မိုးစပါးအထွက်တိုး စိုက်ပျိုးနည်းများနှင့် ကော်ဖီစိုက်ပျိုးမှုလုပ်ငန်း တိုးတက်စေရန် ရည်ရွယ်ပြီး စိုက်ပျိုးပြုစုနည်း အသိပညာ‌ပေး ဆွေးနွေးပွဲကို ဇွန်လ ၅  ရက်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး မိုးရာသီ(ပထမအကြိမ်) သစ်ပင်စိုက်ပွဲနှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတက်ရောက်

ကရင်ပြည်နယ်သစ်တောဦးစီးဌာနတွင် ကျွန်းနှင့်သစ်မာမျိုးစုံ ၂၁၅၀၀၀ (နှစ်သိန်းတစ်သောင်းငါးထောင်)ပင် ပျိုးထောင်ထားရှိပြီး ခရိုင်၊ မြို့နယ်များအလိုက် အခမဲ့ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ရာ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီ(ပထမအကြိမ်) သစ်ပင်စိုက်ပွဲအနေဖြင့် ယနေ့နံနက် ၇ နာရီက ဘားအံမြို့နယ်၊ မိဇံမွေးမြူရေးဇုန်၌ ကျွန်းနှင့် သစ်မာပင်ပေါင်း ၁၁၅၀ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် မြဝတီခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လှိုင်းဘွဲမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က လှိုင်းဘွဲမြို့နယ်၊  ပိုင်ကျုံမြို့၊ အမှတ် (၁) ရပ်ကွက်၊ မိုးနိုင်းကျေးရွာအုပ်စု၊ နိုထို့ဂေကျေးရွာ အမှတ် (၁) အခြေခံပညာမူလတန်းကျောင်းဝင်း၌ ကျင်းပခဲ့သည်။

လိပ်သိုဒေသတွင် ဇရစ်ရိုးများလှိုင်လှိုင်ပေါ်ချိန် ခူးယူရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး အေးမြစိုစွတ်သော တောင်ပေါ်ဒေသဖြစ်ရာ မိုးရာသီကာလတွင် စမ်းချောင်းငယ်များနှင့် မြစ်များနံဘေး၌ ဇရစ်ရိုးများ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံမြို့ အ-မ-က နို့ထို့ခေးကျောင်း၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား ကျင်းပ

၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ဇွန်လ ၅ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် ပိုင်ကျုံမြို့ အမှတ် (၁) ရပ်ကွက် အ-မ-က နို့ထို့ခေးကျောင်း၌ ကျင်းပြုလုပ်ခဲ့သည်။

လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးငယ်များအား ကူးစက်ရောဂါများမှ ကာကွယ်နိုင်ရန် ဇွန်လ ၃ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို အမှတ် (၄) ရပ်ကွက်ရှိ တိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအနေဖြင့် ဒေသဝက်မွေးမြူခြင်း လုပ်ကိုင်

ကရင်ပြည်နယ် သံတောင်ကြီးမြို့တွင် ဒေသခံပြည်သူများသည် အများအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်ပြီး အသက်မွေးဝမ်းကြသော်လည်း မိသားစုအပိုဝင်ငွေရရှိစေရန် အိမ်မှုကိစ္စတာဝန်ယူဆောင်ရွက်နေသည့် အမျိုးသမီးများက တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအနေဖြင့် ဒေသဝက်များကို တစ်ပိုင်တစ်နိုင်မွေးမြူကြကြောင်း သိရသည်။ 
Subscribe to ကရင်ပြည်နယ်