ကရင်ပြည်နယ်

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင် ပြသ

သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာရေးသည် လူသားတိုင်းအတွက် မဖြစ်မနေ သတိပြုရမည့်အချက်ဖြစ်ကြောင်း သိရှိစေရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်ကို ယမန်နေ့နံနက်ပိုင်းက မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သက်မွေးပညာကာလတိုသင်တန်းများဆင်း

ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ပညာရေးနှင့်သက်မွေးဝမ်း ကျောင်း ပညာလုပ်ငန်းကော်မတီတို့မှကြီးမှူး၍ နွေရာသီကျောင်းအားလပ်ရက်များတွင် ဖွင့်လှစ်သည့် သက်မွေးပညာကာလတိုသင်တန်းများဆင်းပွဲကို မေလ ၃၁ ရက်နေ့ နံနက် ၈ နာရီက အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)အစည်းအဝေးခန်းမ၌ ကျင်းပသည်။

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကျင်းပ

မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးနှင့် ဘော်လီဘောအားကစားနည်း အဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ မျိုးဆက်သစ် အားကစားသမားများ စဥ်ဆက်မပြတ်ပေါ် ထွက်လာစေရေးတို့ကို ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘော်လီဘောပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်း အဝေးကို မေ ၃၀ ရက်နေ့ နံနက် ၉ နာရီ အချိန်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်သည်။

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအပ်နှံခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းနေရွယ် ကလေးများအားလုံး ပညာသင်ခွင့်ရရှိရေးအတွက် မေလ ၂၂ ရက်နေ့ မှ စပြီး ကျောင်းအပ်နှံ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်တွင်  ကျောင်းအပ်နှံခြင်းလုပ်ငန်းများ ဆက်လက်အပ်နှံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လိပ်သိုဒေသတွင် အိမ်ခြံဝင်းအတွင်း ဂွေးတောက်ပင်များ စိုက်ပျိုးလာလျက်ရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိမိတို့၏ အိမ်ခြံဝင်းအတွင်းတွင် ဂွေးတောက်ပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားလျက်ရှိနေကြောင်း သိရသည်။

လိပ်သိုဒေသတွင် မိုးဦးကျကာလ တောင်ပေါ်သခွားမျိုးများ စိုက်ပျိုးလျက်ရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံများမှာ ဥယျာဉ်ခြံလုပ်ငန်း၊ တောင်ယာလုပ်ငန်းကို အဓိထား လုပ်ကိုင်လျက်ရှိရာ မိုးဦးကျကာလတွင် တောင်ယာခင်းများ၌ တောင်ပေါ်သခွားမျိုးများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိနေကြောင်း သိရသည်။

မြဝတီမြို့၌ သဘာဝဘေး အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး (လူ၊ ပစ္စည်း၊ ယန္တရား) စုဖွဲ့မှုနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး၊ ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး သဘာဝဘေးအရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး (လူ၊ပစ္စည်း၊ယန္တရား) စုဖွဲ့မှုဖြင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက်ဘောလုံးကွင်းနှင့် သောင်ရင်းမြစ်ကမ်းဘေးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး လှိုင်းဘွဲမြို့နယ်၊ ကြာအင်းခေတ်မီစံပြကျေးရွာ အထက်တန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲ တက်ရောက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကြာအင်းခေတ်မီစံပြကျေးရွာ အထက်တန်းကျောင်း၏ (၃၆၀ပေ x ၃၁ပေ) ပညာချစ်သူ RCC သုံးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေး ဝန်ကြီးဌာနသို့လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းဆောင်သစ်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက် အားပေးချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့၌ “ကမ္ဘာ့တစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြည့် ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာ ကျောင်းပေါင်းစုံတို့ပူးပေါင်း၍ “ကမ္ဘာ့တစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြည့် ဆောင်ရွက်ပေး” (Ending Plastic Pollution Glibally) ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသတွင် အိမ်ခြံဝင်းအတွင်း ငရုတ်ကောင်းပင်များ တစ်နိုင်တစ်ပိုင်တိုး၍ စိုက်ပျိုး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိသားစုစားသုံးရန်နှင့် အပိုဝင်ငွေရရှိစေရန် မိမိတို့၏ အိမ်ခြံဝင်းများအတွင်းတွင် ငရုတ်ကောင်းပင်များ တစ်နိုင်တစ်ပိုင် တိုး၍ စိုက်ပျိုးလာလျက်ရှိကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်