သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book Club/ Youth Club များ စာဖတ်ဝိုင်း ပြုလုပ်

သံတောင်ကြီး စက်တင်ဘာ ၂၄

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book  Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာမောင်ခင်မင် (ဓနုဖြူ) ၏ အမွေခံလူတစ်ယောက် အမွေပေးသူတစ်ရာစာအုပ်အား စက်တင်ဘာ ၂၃ ရက်နေ့ နေ့လယ် (၂) နာရီက Community Centre ခန်းမ၌   စာဖတ်ဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး နော်အားဘော် (Book Club) မှစာအုပ်ပါ အကြောင်းအရာဖြစ်သည့် လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်တဲအရာများ၊ ပါရဂူဂုဏ်ပြုပွဲကအပြန်၊ တပည့်တွေအကြောင်း၊  အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စသည့်အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး စောရီကယ် (Book Club) အဖွဲ့ဝင်က ဆရာမတိုက်ကျွေးသောအားဆေးစကား၊ အမိတက္ကသိုလ်ကပေးသောလက်ဆောင်၊ အစွမ်းထက်သော သွက်လက်သော ထက်မြက်သော၊ သူငယ်တန်းဖတ်စာမှ ပျော်စရာကဗျာကလေးများ စသည့်အကြောင်းအရာများကို ဖတ်ကြားခဲ့ပြီး တက်ရောက်လာသည့် Book Club/ Youth Club အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့သည်။

အဆိုပါ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)၏ အမွေခံလူတစ်ယောက်အမွေပေးသူတစ်ရာစာအုပ် ဖတ်ရှုခြင်းဖြင့် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိလာခြင်း၊ ကျောင်းနေစဉ်ဆရာများ၏ စိတ်ရင်းစေတနာဖြင့် သင်ကြားပေးနေမှုများ သိရှိလာခြင်း၊ ခေတ်နှင့်အညီ နေထိုင်သွားလာမှုပုံစံများကို သိရှိလာခြင်း စသည့်အကျိုးကျေးဇူးများကို ရစေကြောင်း သိရသည်။

နော်နော်မူ