ကရင်ပြည်နယ်

ပိုင်ကျုံမြို့၌ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးသရုပ်ပြ

ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့၌  မဲဆန္ဒရှင်များအားမြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် ဆန္ဒမဲပေးခြင်းသရုပ်ပြပွဲကို စက်တင်ဘာ ၁၅ ရက် နံနက် ၁၁ နာရီတွင် ပိုင်ကျုံမြို့ ကစိုကျေးရွာအုပ်စု ဝငါးကမော့ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

ကျုံဒိုးမြို့၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ကေ့ာကရိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့ အေးစေတီဓမ္မာရုံ၌ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။

လိပ်သိုမြို့ နယ်ရုံး၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင်  “၀ဉ”ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ သစ်ပင်ဝါးပင်များထူထပ်များပြား၍  ရာသီအလိုက် သီးနှံဖြစ်သော နှစ်တို/နှစ်ရှည်သီးနှံများကို အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး တစ်ချို့မှာ ရာသီလိုက်သဘာဝအတိုင်းပေါက်ရောက်လျက်ရှိသော သီးနှံများကို ရှာဖွေလုပ်ကိုင်စားသောက်လျက်ရှိရာ ယခုအချိန်တွင် သဘာဝအတိုင်းပေါက်ရောက်လျက်ရှိသော “၀ဉ” များမှာ  ဝယ်လိုအားကောင်းပြီး  ဈေးကောင်းရရှိလျက်ရှိကြောင်းသိရသည်။

ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်၌ ကျောင်းသား လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးပြိုင်ပွဲများဆောင်ရွက်

ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့ရှိ ကျောင်းသားလူငယ်များအားကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်လာစေရေးနှင့် ကာယ/ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်တင်ဘာ ၁၃ရက်က ပြိုင်ပွဲများ  ဆောင်ရွက်သည်။

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းစာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို သံတောင်ကြီး  စက်တင်ဘာ ၁၅ ရက်နေ့ နံနက် ၉ နာရီက သံတောင်ကြီးမြို့  အ‌ခြေခံပညာအထက်တန်းကျောင်းစာကြည့်တိုက်ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်(၂၆)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်

ကရင်ပြည်နယ် ဘားအံမြို့တွင် နှစ်ရက်ကြာကျင်းပခဲ့သော (၂၆)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊အရေး၊အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

မြဝတီမြို့၌ ၂၀၂၅ ခုနှစ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား မိုးရာသီအသက် (၁၈)နှစ်အောက် အမျိုးသား ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဖလား မိုးရာသီအသက်(၁၈)နှစ်အောက် အမျိုးသားကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကိုယနေ့နံနက်(၈း၀၀)နာရီတွင် မြဝတီမြို့ အားကစားပြိုင်ပွဲကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်ပါဝင်သည့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ရာခိုင်နှုန်းအလိုက် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဘားအံမြို့နယ်တွင် အိန္ဒု-ဇာသပြင်လမ်းမှ ကော့တာမွန်ကျေးရွာအဝင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အိန္ဒု-ဇာသပြင်လမ်းမှ ကော့တာမွန်ကျေးရွာအဝင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား တာဝန်ရှိသူများက စက်တင်ဘာ ၁၂ ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့‌ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်