ကရင်ပြည်နယ်

ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်း

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏(၁/၂၀၂၆)ကြိမ်မြောက်နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏(၁/၂၀၂၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၄ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့သာခေါင်ကျေးရွာကုန်ထုတ်လမ်းသစ်ဖွင့်

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့်ဆောင်ရွက်သော ဘားအံမြို့နယ်၊ ကော့စိန်ဘန်(အောက်)ကျေးရွာအုပ်စု ကော့သာခေါင်ကျေးရွာ ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၄ ရက် နံနက် ၈ နာရီက အဆိုပါကုန်ထုတ်လမ်းသစ်မုခ်ဦးတည်နေရာ၌ ကျင်းပသည်။

ပိုင်ကျုံမြို့၌ မွေးကင်းစကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်‌ကျွေး 

ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်အတွင်းရှိ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီးရောဂါကူးစက်မှုကြိုတင်ကာကွယ်နိုင်ရန် ပိုင်ကျုံမြို့ကျေးလက်ကျန်းမာရေးဌာန၌ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက စတင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့၌  (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၉) နှစ်​မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်စေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၃ ရက် နံနက် ၁၀ နာရီက ပြုလုပ်သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် “(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်စေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြု ဘားအံမြို့ အမှတ်(၃)အခြေခံပညာ မူလတန်းလွန်ကျောင်း၌ နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့ အမှတ်(၃)အခြေခံပညာမူလတန်း လွန်ကျောင်းရှိ  အလျား ပေ ၁၀၀ ၊ အနံ ပေ ၃၀ RCC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်သည့်အခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်သည်။

ကရင်ပြည်နယ်လူငယ်စင်တာ၌ ဒုတိယအကြိမ်အခြေခံပန်ချီသင်တန်းဆင်း

ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးဖွင့်လှစ်သည့် အခြေခံပန်းချီသင်တန်းအမှတ်စဉ်(၂/၂၀၂၅) သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၃ ရက် နံနက် ၉ နာရီက ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ လူငယ်စင်တာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဘားအံမြို့နယ် ကော့လှိုက်ကျေးရွာ၌ ကမ်းပြိုကာကွယ်ရေး မြေထိန်းနံရံလုပ်ငန်း ဆောင်ရွက် 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခဲ့မှုကော်မတီ၏ ခွင့်ပြုရန်ပုံငွေဖြင့် ကရင်ပြည်နယ်ရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့် ကရင် ပြည်နယ် ဘားအံမြို့နယ် ကော့လှိုက်ကျေးရွာရှိ သံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဘိုးပိုင်‌အခြေပြု ကျောက်စီမြေထိန်းနံရံ အလျားပေအရှည် ပေ (၁၀၀၀) တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်က ယမန်နေ့ ညနေပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားတက်ရောက်

(၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာ၌ စည်ကားသိုက်မြိုက်စွာကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ မိမိကိုယ်ကျိုးစီးပွားအတွက် လူအချင်းချင်းအပေါ် လူကုန်ကူးကာ အမြတ်ထုတ်စီးပွားရှာခြင်းသည် အလွန်ဆိုးရွားကြောင်း သိရှိနိုင်စေရန်ရည်ရွယ်၍ လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်