မြဝတီမြို့တွင်၂၀၂၆ ခုနှစ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကျင်းပ

မြဝတီ  ဇွန်  ၃

ကရင်ပြည်နယ်၊ မြဝတီခရိုင် မြဝတီမြို့၌  ဇွန်လ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြဝတီခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ကျင်းပရာ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ၌ ကျား (၁)ဦး၊ မ (၅)ဦး၊ အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲ၌ ကျား (၁)ဦး၊ မ (၂)ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၌  မ  (၆)ဦး၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲ၌ ကျား (၄)ဦး၊ မ (၄)ဦး၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲ၌ ကျား (၁)ဦး ၊မ(၄) ဦး စုစုပေါင်း ကျား (၇)ဦး၊ မ (၂၁)ဦး စုစုပေါင်း (၂၈)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး မြို့နယ်ပညာရေးမှူး ဦးမိုးကျော် ဦးဆောင်ကြီးကြပ်မှုဖြင့် ဆရာ၊ ဆရာများ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းနှင့် ဝန်ထမ်းများက လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲများ၌ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဇွန်လ(၅)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)