လှိုင်းဘွဲ ဇွန် ၂
ပညာရေးဝန်ကြီးဌာန၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇွန်လ(၁)ရက်နေ့တွင် ကျောင်းများပြန်လည်ဖွင့်လှစ်ပြီးဖြစ်ရာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၃၁၁)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁)ကျောင်းနှင့်ကိုယ်ပိုင်ကျောင်း(၂)ကျောင်းကို ယမန်နေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်အတွင်းရှိ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာအထက်တန်းကျောင်း (၄၁)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၇၇)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၁၉၃)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁)ကျောင်းနှင့်ကိုယ်ပိုင် ကျောင်း(၂)ကျောင်း စုစုပေါင်း (၃၁၄)ကျောင်းဖွင့်လှစ်ခဲ့ကြောင်း၊ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံထားမှုမှာ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၃၂၅)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၉၂၉၁)ဦးနှင့်မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၃၃၀၄၀)ဦး စုစုပေါင်း (၄၃၆၅၆)ဦး ကျောင်းအပ်နှံထားပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စောဒိ(ပြန်/ဆက်)