မြဝတီ ဇွန် ၂
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြဝတီခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများကို ယနေ့နံနက် (၉:၀၀) နာရီတွင် မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ကျင်းပရာ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၌ ကျား(၁)ဦး၊ မ(၅)ဦး၊ အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲ၌ ကျား (၁)ဦး၊ မ (၂)ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၌ မ (၆)ဦး၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲ၌ ကျား (၄)ဦး၊ မ (၄)ဦး၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲ၌ ကျား(၁)ဦး၊ မ(၄) ဦး စုစုပေါင်း ကျား (၇)ဦး၊ မ (၂၁)ဦး စုစုပေါင်း (၂၈)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး မြို့နယ်ပညာရေးမှူး ဦးမိုးကျော် ဦးဆောင်ကြီးကြပ်မှုဖြင့် ဆရာ၊ဆရာများ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းနှင့် ဝန်ထမ်းများက လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲများ၌ ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများကို ဇွန်လ(၅)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)