ကန့်ဘလူမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ကန့်ဘလူ စက်တင်ဘာ ၁၃

၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အိုဇုန်းလွှာနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်စည်သာယာရေးအဖွဲ့နှင့် ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက ကန့်ဘလူမြို့မစျေး၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေး လက်ကမ်းစာစောင်တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ၊ အိုဇုန်းလွှာပျက်စီးမှုကြောင့် လူနှင့်သက်ရှိများ၊ ပတ်ဝန်းကျင်အပေါ်ထိခိုက်နိုင်မှု၊ အိုဇုန်းလွှာနှင့် မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်၊ အအေးပေးဒြပ်စ္စည်းများ အဆင့်ဆင့်ပြောင်းလဲသုံးစွဲလာခြင်း၊ အိုဇုန်းလွှာ ထိခိုက်ပျက်စီးခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးသက်ရောက်မှုများကို ကာကွယ်ရန်နည်းလမ်းများ၊ အိုဇုန်းလွှာပျက်စီးရခြင်းအကြောင်းအရင်းများစသည့် အကြောင်းအရာများပါဝင်ပြီး အိုဇုန်းလွှာနှင့်ပတ်သက်၍ အသိပညာပြန့်ပွားရေး အထောက်အကူပြုစေရန်၊ ပြည်သူများအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ရာသီဥတု တိုက်ဖျက်ရေး လှုပ်ရှားမှုများတွင် ပိုမိုပူးပေါင်းပါဝင်လာစေရန်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)