ကျိုင်းတုံ စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး Bill Bord ကြော်ငြာဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၉ နာရီက ကျိုင်းတုံ-တာချီလိတ်လမ်း၊ နောင်နွန်းပူးပေါင်းဂိတ်အနီး၌ တာဝန်ရှိသူများက စုပေါင်းစိုက်ထူခဲ့ကြသည်။
အသိပညာပေး Bill Bord ကြော်ငြာဆိုင်းဘုတ်စိုက်ထူပွဲသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အမှတ်(၁၈)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ကျိုင်းတုံ)၊ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး အောင်ကျော်ဇင်နှင့် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ရေးအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများစုပေါင်း၍ ၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး Bill Bord ကြော်ငြာဆိုင်းဘုတ် စုပေါင်းစိုက်ထူကြသည်။
ထို့နောက် ကျိုင်းတုံတပ်နယ်မှူး ဗိုလ်မှူးချုပ် မျိုးဆက်အောင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဇော်လွင်ဦး၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး အေးသိန်းတို့က မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး Bill Bord ကြော်ငြာဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ အသိပညာပေး Bill Bord ကြော်ငြာဆိုင်းဘုတ်တွင် “ကလေးသူငယ်ချန်မထား လူကုန်ကူးမှု တိုက်ဖျက်သွား” ဆောင်ပုဒ်နှင့် ပြည်သူများအနေဖြင့် လူကုန်ကူးမှုကိစ္စရပ်များကို သံသယရှိပါက ဆက်သွယ်တိုင်းကြားနိုင်သည့် ဖုန်းနံပါတ်များ ဖော်ပြပါရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)