Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဝမ်းတွင်းမြို့နယ်၌ အထွေထွေဗဟုသုတ ရေးဖြေပြိုင်ပွဲနှင့် ပြပွဲများ ကျင်းပ
Sep 20,2024
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အထွေထွေဗဟုသုတရေးဖြေပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲများကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့တွင် ဒေသထွက်ကွမ်းသီးခြောက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ
Sep 20,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉) အုပ်စုရှိရာ တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်သည့်မြို့ဖြစ်သည်။ ဒေသနေပြည်သူအများစုမှာ တစ်ပိုင်တစ်နိုင်ဉယျာဉ်ခြံမြေလုပ်ငန်းကို နှစ်စဉ်လုပ်ကိုင်လျက်ရှိရာ ကွမ်းသီးပင်စိုက်ပျိုးသည့်လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုအချိန်တွင် ဒေသထွက်ကွမ်းသီးအခြောက်များ ရောင်းချပြီး မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 20,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် (၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်၌ သရက်(ပိတောက်ပင်)-မင်းလှလမ်း ကတ္တရာလမ်း တိုးချဲ့ခင်းခြင်းနှင့် မျက်ကွယ်ကုန်းဖြတ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Sep 20,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်လမ်းဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ငွေလုံး ငွေရင်းရန်ပုံ ငွေဖြင့်သရက်(ပိတောက်ပင်)-မင်းလှလမ်းအားလမ်းဦးစီးဌာနနှင့် တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီမှကတ္တရာလမ်း အကျယ်တိုးချဲ့ခင်းခြင်းလုပ်ငန်း၊ လမ်းဦးစီးဌာနမှ မျက်ကွယ်ကုန်းဖြတ်၍ ကတ္တရာလမ်း သစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အရည်အသွေးစစ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်၌ အအေးလမ်းကြောင်းတာဝန်ခံများအတွက် ကာကွယ်ဆေးများ ထိရောက်စွာ စီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်သင်ကြား
Sep 20,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦး ကြီးကြပ်၍ မြို့နယ်အတွင်း ပြည်သူ့ကျန်းမာရေးဌာနမှ ဆရာ/ဆရာမများအား အအေးလမ်းကြောင်းတာဝန်ခံများအတွက် ကာကွယ်ဆေးများ ထိရောက်စွာ စီမံခန့်ခွဲမှုသင်တန်းကို စက်တင်ဘာလ ၁၈ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့နံနက် ၉နာရီခွဲအချိန်တွင်လည်း သင်ကြားပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကျရောက်ပါက ထိရောက်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေး မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအား အဆင်သင့်ကြိုတင်ပြင…
Sep 20,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာရပါက အထိရောက်ဆုံးနှင့် အလွယ်ကူဆုံး တုံ့ပြန်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့နှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအား အဆင်သင့်ကြိုတင်ပြင်ဆင်ထားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 20,2024
ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြိုနယ်ပညာရေးမှူး၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများလိုက်ပါ၍ ရွှေတောင်မြို့နယ်၊ ရှားပင်ကုန်းကျေးရွာအုပ်စု၊ ဆင်ကျွန်းကျေးရွာအုပ်စုတို့တွင် လတ်တလော မြစ်ကမ်းပါးပြိုကျမှု အခြေအနေများ၊ လူနေအိမ် (၁၄) လုံးတို့အား ဘေးလွတ်ရာသို့ ယာယီရွေ့ပြောင်းထားရှိမှု အခြေအနေများနှင့် အ.မ.က(မူလွန်)ဆင်ကျွန်းစာသင်ကျောင်း ကမ်းပြို၊ ကမ်းစားမှုဖြစ်ပေါ်သည့် နေရာနှင့် ပေ (၂၅၀) ခန့် အကွာသို့ ရောက်ရှိနေမှုအခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဥတ္တရသီရိမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ မိုးစပါးရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးမှုအပေါ် အထွက်နှုန်း မကျဆင်းရေး ပြန်လည်ပြုပြင်ခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Sep 20,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးစပါး ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးမှုအပေါ် အထွက်နှုန်းမကျဆင်းရေး ပြန်လည်ပြုပြင်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက မောင်းရမ်းကျေးရွာအုပ်စု၊ မောင်ရမ်းကျေးရွာ ကွင်းအမှတ်-၁၈၈၅၊ ဦးပိုင်အမှတ် (၈၈/၆)ရှိ တောင်သူ ဒေါ်သန်းအေး၏ လယ်မြေ ၄ ဒသမ ၀၀ ဧက မိုးစပါးစိုက်ခင်းတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6800
Page
6801
Page
6802
Page
6803
Current page
6804
Page
6805
Page
6806
Page
6807
Page
6808
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department