Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တံတားဦးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးထားသည့် မိုးသီးနှံများ ရေကြီးနှစ်မြုပ်မှု ဖြစ်ပွား
Sep 20,2024
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးထားသည့် မိုးသီးနှံများ ပျက်ဆီးဆုံးရှုံးမှုရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်ရှိ ပုလင်းဆည်၊ စွန်ဆည်နှင့်ဆဒ္ဒန်ဆည် ရေလှောင်တမံ ရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျလျက်ရှိ
Sep 20,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလဆန်းပိုင်းက စတင်၍ မိုးများ အဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ယနေ့နံနက် ၁၀ နာရီတွင် ပုလင်းဆည်၊ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအတွက် အခြေခံစားသောက်ကုန်များထောက်ပံ့၊ စက်မှုလက်မှုသိပ္ပံကျောင်း သင်ကြားနေသော ကျောင်းသာ…
Sep 20,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် ဆန်နှင့်ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ပူတာအိုမြို့၌ ရောက်ရှိသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် (၈) နာရီခွဲက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ဝန်ထမ်းများနှင့် ပြည်သူများအတွက် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကြက်ခြေနီအသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Sep 20,2024
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကြက်ခြေနီအသိပညာပြန့်ပွားရေးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ(၁၈)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Summit Parkview ဟိုတယ်တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ရေဘေးသင့်ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ထောက်ပံ့
Sep 20,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မိုးရွာသွန်းမှုများသဖြင့် ဇော်ဂျီ၊ ပန်းလောင်၊ စမုံမြစ်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ မြေနိမ့်ပိုင်း ကျေးရွာများ၊ လူနေအိမ်များ၊ စိုက်ခင်းများတွင် ရေဝင်နစ်မြုပ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိပြီး ယမန်နေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ရေဘေးသင့်ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့နယ် စမ်းရေဦး ခေတ်မီစံပြကျေးရွာ(Smart Village)၌ တောင်သူအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 20,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စု စမ်းရေဦးခေတ်မီစံပြကျေးရွာ (Smart village)၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ တောင်သူအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ ပြင်းထန်းဝမ်းပျက်ဝမ်းလျှောရောဂါနှင့် မျောက်ကျောက်ရောဂါ ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Sep 20,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ပြင်ထန်းဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စမ်းချောင်းမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Sep 20,2024
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင် စမ်းချောင်းမြို့နယ်တွင် လူငယ်များဘက်စုံဖွံဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6802
Page
6803
Page
6804
Page
6805
Current page
6806
Page
6807
Page
6808
Page
6809
Page
6810
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department