သရက်ချောင်း စက်တင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦး ကြီးကြပ်၍ မြို့နယ်အတွင်း ပြည်သူ့ကျန်းမာရေးဌာနမှ ဆရာ/ဆရာမများအား အအေးလမ်းကြောင်းတာဝန်ခံများအတွက် ကာကွယ်ဆေးများ ထိရောက်စွာ စီမံခန့်ခွဲမှုသင်တန်းကို စက်တင်ဘာလ ၁၈ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့နံနက် ၉နာရီခွဲအချိန်တွင်လည်း သင်ကြားပေးလျက်ရှိသည်။
သင်တန်းတွင် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဦးဇော်လွင် ဦးဆောင်၍ သင်တန်းနည်းပြများက သင်တန်းသား/သူများအား ကာကွယ်ဆေးသိုလှောင်မည့် ရေခဲသေတ္တာအမျိုးအစားနှင့် စီမံထိန်းသိမ်းခြင်း၊ ကာကွယ်ဆေးများနှင့် ဖျော်စပ်ရည်များကို ကောင်းမွန်စွာသိုလှောင်ထိန်းသိမ်းခြင်းနှင့် ကိုင်ကွယ်အသုံးပြုခြင်း၊ ကာကွယ်ဆေးများနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းသုံးပစ္စည်းသိုလှောင်ထားရှိမှု၊ ကာကွယ်ဆေးများဖြန့်ဖြူးခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း၊ ကာကွယ်ဆေးအပူချိန်စောင့်ကြပ်စိစစ်ခြင်းနှင့် အပူချိန်တိုင်းကိရိယာများ၊ အရေးပေါ်အစီအစဉ်ရေးဆွဲခြင်း စသည့်အကြောင်းအရာများကို စာတွေ့/လက်တွေ့နည်းများဖြင့် သင်ကြားလျက်ရှိသည်။
အဆိုပါ သင်တန်းကို စက်တင်ဘာလ ၁၈ရက်မှ ၂၀ရက်ထိ (၃)ရက်တိုင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နံနက် ၉ နာရီခွဲမှ ညနေ ၃ နာရီထိ နည်းပြဆရာမများက သင်တန်းသား/ သူများအား စာတွေ့/ လက်တွေ့နည်းများဖြင့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)