မင်းလှမြို့နယ်၌ သရက်(ပိတောက်ပင်)-မင်းလှလမ်း ကတ္တရာလမ်း တိုးချဲ့ခင်းခြင်းနှင့် မျက်ကွယ်ကုန်းဖြတ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

အထက်မင်းလှ စက်တင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်လမ်းဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တိုင်း‌ဒေသကြီး  ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် သရက်(ပိတောက်ပင်)-မင်းလှလမ်းအားလမ်းဦးစီးဌာနနှင့် တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီမှကတ္တရာလမ်း အကျယ်တိုးချဲ့ခင်းခြင်းလုပ်ငန်း၊ လမ်းဦးစီးဌာနမှ မျက်ကွယ်ကုန်းဖြတ်၍ ကတ္တရာလမ်းသစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အရည်အသွေးစစ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မင်းလှမြို့နယ်တွင် သရက်(ပိတောက်ပင်)-မင်းလှလမ်း (၂၈/၇-၃၁/၅) အတွင်း ၁ မိုင် ၆ ဖာလုံအားကုမ္ပဏီမှ မူလကတ္တရာလမ်း (၁၂) ပေ အကျယ်မှ (၁၈) ပေအကျယ်တိုးချဲ့လမ်းခင်းခြင်း၊ လမ်းဦးစီးဌာနမှ (၅) ဖာလုံအားမူလကတ္တရာလမ်း (၁၂) ပေအကျယ်မှ (၁၈) ပေအကျယ် ကတ္တရာလမ်းတိုးချဲ့ခင်းခြင်း၊ လမ်းဦးစီးဌာနမှ သရက်(ပိတောက်ပင်)-မင်းလှလမ်း မိုင်တိုင် (၂၉/၀-၂၉/၂) အတွင်းနှင့် (၃၂/၂-၃၂/၄) အတွင်း (၁၃၁၀) ပေ မျက်ကွယ်ကုန်းဖြတ်ခြင်းနှင့် (၁၈) ပေအကျယ်ကတ္တရာလမ်းသစ်ပြန်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို မြို့နယ်အရည်အ‌သွေးစစ်ဆေးရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိသည်။

မင်းလှမြို့နယ်တွင် အဆိုပါကတ္တရာလမ်းများအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးများ ပိုမိုအဆင်ပြေချောမွေ့ကာ ယာဉ်အန္တရာယ်ကင်းရှင်းမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်းမြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများသည် လင်းကယ်ကျေးရွာနှင့် ညောင်ဝိုင်းကျေးရွာမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ရပ်ရွာ အေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးသီးနှံမျိုးစုံစိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆွေးနွေး‌ပြောကြားခဲ့သည်။ ယင်း‌နောက် ကျေးရွာနေပြည်သူများက သိလိုသည်များအား မေးမြန်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်း‌ ပြောကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)