သရက်ချောင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကျရောက်ပါက ထိရောက်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေး မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအား အဆင်သင့်ကြိုတင်ပြင်ဆင်

သရက်ချောင်း စက်တင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာရပါက အထိရောက်ဆုံးနှင့် အလွယ်ကူဆုံး တုံ့ပြန်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင် ဦး‌ဆောင်၍ တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့နှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအား အဆင်သင့် ကြိုတင်ပြင်ဆင်ထားလျက်ရှိကြောင်း သိရသည်။

ထို့သို့ ကြိုတင်ပြင်ဆင်ထားရှိရာတွင် သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များအား တပ်ဖွဲ့စုအလိုက်ကြိုတင်ပြင်ဆင်ထားရှိခြင်း၊ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့် အလွယ်ကူဆုံး တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများကို စနစ်တကျ စုဖွဲ့၍ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင်ထံမှ ရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)