Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပိုင်ကျုံမြို့ရှိ အခြေခံပညာကျောင်းများ၌ အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်များ ပြသဆောင်ရွက်
Sep 20,2024
ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည်မြှင့်တင်စေရေးနှင့် အသိပညာဗဟုသုတပိုမိုရရှိစေရန် ရည်ရွယ်၍ ယမန်နေ့က ပိုင်ကျုံမြို့ရှိ အ-မ-က ပိုင်ကျုံ မြန်မာစုကျောင်းနှင့် အ-မ-က တနင်းဖလုံကျောင်းတို့၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေဖြူမြို့၌ သဘာဝဘေးနှင့်ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်နိုင်ရေးပြည်သူများသို့ အသိပေးနှိုးဆော်
Sep 20,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင် သဘာဝဘေးနှင့်ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်နိုင်ရေးပြည်သူ များသို့ အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့နံနက် ၈ နာရီက မြို့ပေါ်(က)(ခ)ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ဆောင် ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကြီး-လွိုင်လင်လမ်း တောင်ပြို၍ လမ်းများပိတ်ဆို့နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေ…
Sep 20,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် စက်တင်ဘာ ၁၀ ရက်နေ့မှစ၍ မိုးများသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများထိုးဆင်း တိုက်စားမှုကြောင့် တောင်ကြီး-လွိုင်လင်လမ်းပိုင်းရှိ “ဝ”တစ်လုံးလမ်းနှင့် ဂငယ်ကွေ့လမ်း မိုင်တိုင်အမှတ်၊ ၁၆၄/၅ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သဖြင့် တောင်ပြိုမြေများ ဖယ်ရှားရှင်းလင်းနေမှုကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်တွင် ရေဘေးသင့်ပြည်သူ့များအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများ ပေးအပ်
Sep 20,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်းရေ၊ မြစ်ရေများ ဝင်ရောက်ခဲ့ပြီး ကျေးရွာအချို့ရှိ နေအိမ်များ ရေလွှမ်းမိုးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျောက်ဆည်ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့နံနက်၁၀နာရီအချိန်က ရေဘေးသင့်ကျေးရွာများရှိ ရေးဘေးသင့်ပြည်သူ့များအတွက် ဆန်ရိက္ခာထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရေယာဉ်စီးခရီးသည်များ အန္တရာယ်ကင်းရှင်းရေး ကူညီစောင့်ရှောက်မှု ဆောင်ရွက်ပေး
Sep 20,2024
ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေတက်သည့် ကာလအတွင်း ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ဆိပ်ကြီးနှင့် ကီလီ (ဝါးတန်းဆိပ်ကမ်း) သို့ ပြေးဆွဲမောင်းနှင်လျက်ရှိသည့် ရွှေရန်ကုန်စက်တပ် ရေယာဉ် (သမ္ဗန်) ဂိတ်တွင် ရေယာဉ်စီးခရီးသည်များ အန္တရာယ်တစ်စုံတစ်ရာဖြစ်ပေါ်ခြင်း မရှိစေရေးကူညီစောင့်ရှောက်ပေးခြင်းကို မြို့နယ်တာဝန်ရှိသူများ၊ မီးသတ်နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် စဉ်ဆက်ပညာရေး လုပ်ငန်းအတွက် အကြိုညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 20,2024
ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်း၏ နောက်ဆက်တွဲလုပ်ငန်း တစ်ခုဖြစ်သည့် စဉ်ဆက်ပညာရေးလုပ်ငန်းကို ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပမည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းဖြတ်နှင့် မိုင်းယောင်းမြို့နယ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအတွက် အကြိုညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီက ကျိုင်းတုံမြို့၊ ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့နယ်တွင် မြေပဲစိုက်ခင်းများ စတင်နုတ်ယူ ခူးဆွတ်
Sep 20,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အမြင့် ၃၈၈၀ ပေရှိပြီး စိုက်ပျိုးရေးကိုအဓိကထားပြီး စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည့် လက်ဖက်၊ ဂျူး၊ ပဲပုတ်၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပန်းကော်ဖီ၊ ပန်းမုန်လာ၊ ဆီနေကြာ၊ မြေပဲ၊ ပြောင်း၊ ထောပတ်၊ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တောင်ယာနှင့် လယ်ယာစသည့်တို့ကို တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ကြသည့် ဒေသတစ်ခုဖြစ်သည်။ ယခုအခါ မြေပဲစိုက်ခင်းများ စတင်နုတ်ယူ ခူးဆွတ်နေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အ.ထ.က (၂) ကန့်ဘလူ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ
Sep 20,2024
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6799
Page
6800
Page
6801
Page
6802
Current page
6803
Page
6804
Page
6805
Page
6806
Page
6807
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department