Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုးညိုမြို့နယ်၊ အ.ထ.က(တောင်ဇင်း)၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Sep 22,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်/ကျေးရွာအုပ်စုနှင့် အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက သာယာကုန်းအုပ်စုရှိ အ.ထ.က(တောင်ဇင်း)ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျေးလက်တောရွာများ၏ ချစ်စရာ့ဓလေ့နှင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော ဆံကေသာဆံရစ်ဝိုင်းအလှ
Sep 22,2024
ကျေးလက်တောရွာများတွင် ချစ်စရာ့ဓလေ့နှင့်ရိုးရာယဉ်ကျေးမှုများ၊ သဘာဝအလှအပများနှင့် ယဉ်ကျေးမှု အနုပညာလက်ရာများမှာ များစွာတည်ရှိပေရာ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာသည် ရှေးနှစ်ပေါင်း ၂၀၀ ကျော်မှ ယနေ့တိုင် ဆံကေသာ ဆံရစ်ဝိုင်းပုံကို ရိုးရာယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အဖြစ် ထိန်းသိမ်းခဲ့သော ကျေးရွာဖြစ်ပြီး မိန်းကလေးများနည်းတူ ယောက်ျားလေးများပါ ထားရှိကြသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူခရိုင်၌ သန်းခေါင်စာရင်း ကောက်ယူမှု အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး သင်တန်းများ ဖွင့်လှစ်သင်ကြား
Sep 22,2024
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို လာမည့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်နေ့ထိ နိုင်ငံတဝန်းလုံးတွင် တစ်ပြိုင်တည်းကောက်ယူမည်ဖြစ်ရာ အဆိုပါ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များတွင်လည်း သန်းခေါင်စာရင်းကောက်ယူရေး စာရင်းစစ် ၊စာရင်းကောက်သင်တန်းများကို စက်တင်ဘာ ၁၇ ရက်မှ ၂၈ ရင်နေ့အထိ ၁၂ ရက်ကြာ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ PARADISO အဆင့်မြင့်ရုပ်ရှင်ရုံ မီးလောင်မှု ဖြစ်ပွား
Sep 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ အမှတ်(၁၂) ရပ်ကွက်၊ ဒုတိယလမ်းရှိ PARADISO အဆင့်မြင့် ရုပ်ရှင်ရုံတွင် စက်တင်ဘာလ ၂၁ ရက်နေ့ ည (၉)နာရီ အချိန်ခန့်က အလျား (၅၀)ပေ၊ (၁၀) လက်မ၊ အနံ (၇၄) ပေ၊ အမြင့် (၂၄) ပေရှိ ထိုင်ခုံ (၃၀၆)လုံးဆံ့ RC တစ်ထပ်တိုက်အမျိုးအစား ရုပ်ရှင်ရုံတွင် ဝါယာရှော့ဖြစ်ပွား၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုပ္ပား-မြင်းခြံလမ်း မိုင်တိုင် ၄၀၀/၅ တွင် သစ်ပင်ဂွဆုံပဲ့ကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သဖြင့် ပုပ္ပားနယ်မြေ မီးသတ်စခန်းမှ သွားရောက်ရှင်းလင် ဖယ်ရှား…
Sep 22,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားကျေးရွာတွင် စက်တင်ဘာ (၂၀)ရက်နေ့ ညပိုင်း မိုးရွာသွန်းမှုကြောင့် ပုပ္ပား-မြင်းခြံသွား ကားလမ်း လမ်းဆုံ၊ မိုင်တိုင်- ၄၀၀/၅ ရှိ၊ စိန်ပန်းပင် ဂွဆုံမှ ပဲ့ကျကာ လမ်းပိတ်ဆို့မှုဖြစ် ပေါ်ခဲ့သဖြင့်၊ စက်တင်ဘာ ၂၁ ရက်နေ့ နံနက်က ပုပ္ပားနယ်မြေ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်ရှင်းလင်း ဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ်သဘင်အနုပညာရှင်များအစည်အရုံးမှ ဦးဆောင်၍ အလှူခံရရှိငွေနှင့် ပစ္စည်းစုစုပေါင်းတန်ဖိုး (၁၀၁၅)သိန်းအား ရမည်းသင်းခရိုင်အတွင်းရှိ ရေဘေးသင့်ကျေးရွာမ…
Sep 22,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်သဘင်အနုပညာရှင်များ အစည်းအရုံးမှ ဦးဆောင်၍ သဘင်အနုပညာရှင်များမှ ရေဘေးသင့် ပြည်သူများထံ လှူဒါန်းနိုင်ရန်အတွက်၊ ခေတ်ပေါ်သံစုံ တီးဝိုင်းဖြင့် သီဆိုဖျော်ဖြေ၍ လှည့်လည်အလှူခံခြင်း၊ အခြားအဖွဲ့အစည်းများနှင့် တစ်သီးပုဂ္ဂလ အလှူရှင်များက ထည့်ဝင်လှူဒါန်းခြင်းများဖြင့် ရရှိလာသည့် အလှူငွေနှင့် ပစ္စည်းများကို ယမန်နေ့ နံနက်က ရမည်းသင်းခရိုင်အတွင်းရှိ ရေဘေးသင့်ကျေးရွာများသို့ သွားရောက်လှူဒါန်းကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်ပွဲ တက်ရောက်
Sep 22,2024
ရာဂီမုန်တိုင်းနှင့်ဆက်စပ်၍ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သော တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးမှ အလှူရှင်များ၏ အလှူငွေပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Sep 22,2024
နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ညပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးမင်းဦးနှင့် ဦးဟန်သူ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6783
Page
6784
Page
6785
Page
6786
Current page
6787
Page
6788
Page
6789
Page
6790
Page
6791
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department