အမြို့မြို့အနယ်နယ်သတင်းများ

Sep 23,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့်‌ ဒေသစားနပ်ရိက္ခာဖူလုံရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ပူတာအိုခရိုင်သို့ရောက်ရှိနေသော ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် စက်တင်ဘာ (၂၁) ရက် ညနေ (၄) နာရီကမြို့ နယ်သစ်တောဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ မြို့နယ်သစ်တောဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ထောက်ပံ့ငွေများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
Sep 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ငါးသိုင်းချောင်းမြို့တွင် သဘာဝပတ်ဝန်းကျင် စိမ်း လန်း စိုပြည်ရေးနှင့် ဂေဟစနစ် ထိန်းသိမ်းနိုင်ရေးတို့အတွက် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲတော်အား ယမန်နေ့နံနက် ၉ နာရီ အချိန်ကငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း (မြတ်တို) ကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 23,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ စက်တင်ဘာလဆန်းပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ယနေ့နံနက် ၈ နာရီတွင် ဆည်ရေတိုင်းထွာချက်အရ ရေပြည့်အမှတ်ထက် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
Sep 23,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျေးရွာနေပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များ သိရှိစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့က ရောင်အူ(ဝ)အုပ်စု၊ ရောင်အူ (ဝ)ကျေးရွာတွင် သွားရောက်ဖြန့်ဝေခဲ့သည်။
Sep 23,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် မီးသတ်ဦးစီးဌာနမှ ရေဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ကူညီရှာဖွေကယ်ဆယ်နိုင်ရန် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျောင်းကြီးတန်ရပ်ကွက်၊ ဗိုလ်ရုံတန်းလမ်းရှိ မီးသတ်ရေကန်တွင် လေ့ကျင်ပြုလုပ်ခဲ့သည်။
Sep 23,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ရောင်အူ(ဝ)ကျေးရွာတွင် နိုင်ငံတော်အစိုးရက ပြည်သူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာအုပ်စာစောင်များ အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍ နိုင်ငံတော်မှမတည်ထောက်ပံ့ ငွေ ကျပ်သိန်း (၁၅၀)ဖြင့် မက်မန်းမြို့နယ်၊ ရောင်အူ(ဝ)ကျေးရွာ၌ ကျေးရွာစာကြည့်တိုက်အဆောက်အအုံ ဆောက်လုပ်မည့်မြေနေရာတွင် ယမန်နေ့က ပန္နက်တင်အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
Sep 23,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများကို ပြည်သူများ ကျယ်ပြန့်စွာသိရှိစေရေး၊ ပူးပေါင်းပါဝင်နိုင်ရေးအတွက် ရည်ရွယ်၍ အသိပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈) နာရီက လူစည်ကားရာနေရာများမှာ ဌာနတာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။