လှိုင်းဘွဲ အောက်တိုဘာ ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မြို့နယ်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ယမန်နေ့နံနက်(၇)နာရီမှ စတင်၍ စာရင်းကောက်အဖွဲ့ (၃၇)ဖွဲ့တို့က မြေပြင်ကွင်းဆင်း၍ ကောက်ယူလျက်ရှိကြောင်းသိရသည်။
မြို့နယ်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေလျက်ရှိသော ရပ်ကွက်နှင့်ကျေးရွာအုပ်စုများသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)လှိုင်းဘွဲမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့်အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုအားပေးခဲ့ကြသည်။
လှိုင်းဘွဲမြို့နယ်တွင် စာရင်းကောက်ကွက်ပေါင်း (၅၁၇)ကွက်ရှိပြီး စာရင်းကောက်အဖွဲ့(၃၇)ဖွဲ့၊ စာရင်းစစ် ဆရာ၊ဆရာမ(၄၂)ဦး၊ စာရင်းကောက် ဆရာ၊ ဆရာမ(၁၅၈)ဦးတို့က အောက်တိုဘာလ (၁) ရက် နေ့မှ (၁၅) ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများသို့ တစ်အိမ်တက်၊ ဆင်းစနစ်ဖြင့် စာရင်းများကောက်ယူသွားကြမည်ဖြစ်ပြီး စာရင်းကောက်၊ စာရင်းစစ် ဆရာ၊ ဆရာများအတွက် လုံခြုံရေးနှင့် သွားလာရေးအဆင်ပြေလွယ်ကူချောမွေ့စေရေးအတွက် နယ်မြေခံတပ်များမှ အရာရှိ၊ စစ်သည်များ၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်နှင့် KNU တပ်မဟာ(၇)မှ အရာရှိနှင့်စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)