Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)၌ ပုဇွန်တောင်မြို့နယ်ရှိ သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် ဘုရားဖူးပြည်သူများဖြင့် စည်ကား
Oct 17,2024
မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်ရှိ သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် ယနေ့နံနက်ပိုင်းက ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများ၊ ဥပုသ်သီလဆောက်တည်သူများနှင့် စတုဒီတာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် မော်လမြိုင်မြို့နယ်ရှိ ဘုရားစေတီပုထိုးများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား
Oct 17,2024
သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ အဘိဓမ္မာအခါတော်နေ့ဖြစ်ပြီး မော်လမြိုင်မြို့နယ်အတွင်းရှိ ဘုရားကျောင်းကန်အသီးသီး၊ ရပ်ကွက်လမ်းများ၌ အဘိဓမ္မာအခါတော်နေ့ပူဇော်ပွဲ၊ ဘုရားရှင်အားဆီးမီး၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာကုသိုလ်ပြုကြသူများဖြင့် အထူးစည်ကားခဲ့ပြီး ယခုကဲ့သို့ ဝါလကင်းလွတ်သီတင်းကျွတ်ကာလတွင် ခရီးသွားပြည်သူများနှင့်ဒေသခံအပေါင်းတို့က မိသားစုအလိုက်လာရောက်ဖူးမြော်ကုသိုလ်ပြုလေ့ရှိသောကြောင့် ပိုမိုစည်ကားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တလုံးကြီးမြို့၌ သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားသွားကျောင်းတက်ကုသိုလ်ပြုသူများ၊ ဥပုသ်သီလဆောက်တည်သူများဖြင့် စည်ကား
Oct 17,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် နေထိုင်ကြသောပြည်သူများအနေဖြင့် ဘာသာတရားကိုအလေးထားယုံကြည်ကိုးကွယ်ကြသည်နှင့်အညီ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားသွားကျောင်းတက် ကုသိုလ်ပြုသူများ၊ ဥပုသ်သီလဆောက်တည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၌ ပထမဆုံးအကြိမ် မြန်မာ့ရိုးရာယဉ်ကျေးမှု သီတင်းကျွတ်မီးမျှောပူဇော်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင…
Oct 17,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပထမဆုံးအကြိမ် မြန်မာ့ရိုးရာယဉ်ကျေးမှု သီတင်းကျွတ် မီးမျှောပူဇော်ပွဲတော်အား ယမန်နေ့ညပိုင်းက ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်း ရပ်ကွက်၊ ပဲခူးမြစ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့ မြဆည်းဆာပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်သည့် စုပေါင်းပဝါရဏာပွဲ တက်ရောက် ကြည်ညို
Oct 17,2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မြဆည်းဆာပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်သော သုဓမ္မာဂိုဏ်းဝင် “ရွှေဥသြ” ပဝါရဏာအုပ်စု သံဃာတော်များ စုပေါင်းပဝါရဏာပွဲကို ယနေ့ နေ့နံနက်ပိုင်းက မြဆည်းဆာပရိယတ္တိစာသင်တိုက် ထွန်းသာသန ရက္ခိတဓမ္မဗိမာန်တော်တွင်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ မြို့မသာသနာပြုကျောင်း၌ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ
Oct 17,2024
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ မြို့မသာသနာပြု ပရဟိတကျောင်း၌ အမှတ်(၄)ရပ်ကွက်ရှိ ဒါယကာ၊ ဒါယိကာမများ စုပေါင်းကာ အောက်တိုဘာလ ၁၇ ရက်နေ့က ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့တွင် လမ်းများနှင့် ရေနုတ်မြောင်းများ ပြုပြင်ဆောင်ရွက်နေမှုနှင့် ရ…
Oct 17,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်အတွင်း လမ်းအဆင့်မြှင့်တင်ခြင်း၊ ရေကြီးရေလျှံမှုကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးစိုက်ခင်းများအတွင်း သွင်းအားစုထည့်သွင်းခြင်းသရုပ်ပြပွဲနှင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း သီးထပ်စွမ်းအား တိုးမြှင့်စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးသိပ္ပံ(မြစ်ကြီးနား)နှင့် ဗလမင်းထင်ဧက ၁၀…
Oct 17,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းသီးထပ်စွမ်းအားတိုးမြှင့်စိုက်ပျိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၁၅ ရက်နေ့က မြစ်ကြီးနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသိပ္ပံ(မြစ်ကြီးနား) ကျောင်းဝင်းနှင့် ဗလမင်းထင်ဧက ၁၀၀ စံပြ မိုးစပါးစိုက်ခင်းအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6710
Page
6711
Page
6712
Page
6713
Current page
6714
Page
6715
Page
6716
Page
6717
Page
6718
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department