Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ညောင်ဦးမြို့နယ်တွင် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) စိုက်ပျိုးခြင်းသရုပ်ပြပွဲနှင့် တောင်သူပညာပေး ဆွေးနွေးပွဲပြုလုပ်
Oct 17,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူပညာပေး အစီအစဉ်အဖြစ် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) စိုက်ပျိုးခြင်း သရုပ်ပြပွဲနှင့် ပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီက အမှတ်(၇)ရပ်ကွက်၊ တောင်ဘီကျေးရွာကွင်းရှိ ကွင်းအမှတ်(၁၅၁၈)၊ တောင်သူ ဦးအောင်မင်း၏ ယာမြေ (၁၀) ဧကပေါ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီတင်းကျွတ်လပြည့်နေ့တွင် မုဒုံမြို့နယ်ရှိ ဘုရားစေတီများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား
Oct 17,2024
၂၀၂၄ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ တန်ခိုးကြီးဘုရားစေတီများတွင် ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားများပြားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းလပ်မြို့၊ ပန်ပဲကျေးရွာ၌ ကျေးရွာစာကြည့်တိုက်ဆောက်လုပ်နိုင်ရေး ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ
Oct 17,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာစာကြည့်တိုက်ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပန်ပဲကျေးရွာရှိ စာကြည့်တိုက်ဆောက်လုပ်မည့်နေရာတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်စိုက်ပျိုးခြင်းနှင့် စီမံကိန်းဝင် ဆောင်းသီးနှံ(နေကြာ) သီးသန့်စိုက်ပျိုးခြင်း တာဝန်ပေ…
Oct 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ထုတ် စိုက်ပျိုးခြင်းနှင့် စီမံကိန်းဝင်ဆောင်းသီးနှံ (နေကြာ) သီးသန့်စိုက်ပျိုးခြင်းတာဝန် ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း ရေဘေးကြောင့် မျောပါပျက်စီးသွားသည့် နေအိမ်များနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့်နေအိမ်များအတ…
Oct 17,2024
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့နံနက် ၁၀ နာရီက နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ လယ်ဝေးခရိုင် အုပ်ချုပ်ရေးမှူးဦးဇင်မင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ လိုက်ပါလျက် လယ်ဝေးမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး မျောပါပျက်စီးခဲ့သည့် နေအိမ်များနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ သီရိမင်္ဂလာဥသျှစ်ကုန်း ကျောင်းတိုက်ဆရာတော်နှင့် မှန်ကျောင်းတိုက် ဆရာတော်တို့အ…
Oct 17,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမင်းဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ သီရိမင်္ဂလာဥသျှစ်ကုန်းကျောင်းတိုက် ဆရာတော်နှင့် မှန်ကျောင်းတိုက် ဆရာတော်တို့အား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့နယ်အတွင်းရှိ စေတနာရှင်ပြည်သူများစုပေါင်း၍ မြန်မာနိုင်ငံအလယ်ပိုင်းဒေသနှင့် ရှမ်းပြည်နယ်တို့မှ ရေဘေးသင့်ပြည်သူများထံ လှူဒါန်းခဲ့မှုတို့အား အ…
Oct 17,2024
သထုံမြို၊ မြသပိတ်တောင်တန်း ဘုရားငါးဆူ ဝေဘူကမ္မဌာန်းရိပ်သာကျောင်းကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တစန္ဒိမာဦးဆောင်၍ သထုံမြို့နယ်အတွင်းရှိ စေတနာရှင် ပြည်သူများ စုပေါင်းကာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသနှင့် ရှမ်းပြည်နယ်တို့မှ ရေဘေးသင့်ပြည်သူများထံ ကူညီထောက်ပံ့လှူဒါန်းခဲ့မှုတို့အတွက် ရေစက်ချအနုမောဒနာတရားနာယူခြင်း အခမ်းအနားကို အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်က ဗူးဘုရားစေတီတော်မြတ်ကြီး ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများ၏ ပျောက်ဆုံး/ပျက်စီးသွားသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး…
Oct 17,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ စက်တင်ဘာလ ၁၁ ရက်နေ့မှစ၍ မိုးရွာသွန်းခဲ့ပြီး ရေကြီးရေလျှံဖြစ်ပွားရာမှ ရေဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ပြည်သူများ၏ ပျောက်ဆုံး/ပျက်စီးသွားသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦး၊ ဒုတိယရဲမှူးကြီး ကျော်ကျော်ညွန့်၊ ပျဉ်းမနားခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရဲဇင်လတ်နှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6714
Page
6715
Page
6716
Page
6717
Current page
6718
Page
6719
Page
6720
Page
6721
Page
6722
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department