Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
(၁၅၀) ကြိမ်မြောက် မုဒုံမြို့လုံးကျွတ် မဟာသံဃိကဆွမ်းကြီးလောင်းလှူပွဲ ကျင်းပ
Oct 17,2024
မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ သမိုင်းဝင် ဆံတော်ရှင်ကန်ကြီးစေတီတော်၏ (၁၅၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် မြို့လုံးကျွတ်မဟာသံဃိက ဆွမ်းကြီးလောင်းလှူပွဲကို သီတင်းကျွတ်လပြည့်နေ့ ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်က မြို့တွင်းလမ်းတစ်လျှောက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့ ရွှေဥမင်လိုဏ်ဂူတော်ဘုရား၌ သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားဖူးဧည့်သည်များဖြင့် စည်ကား
Oct 17,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ရွှေဥမင်သဘာဝ လိုဏ်ဂူတော်ဘုရားကြီးနှင့် ဘုန်းတော်ကြီးကျောင်းများ၌ ဘုရားသွား၊ ကျောင်းတက်၊ ဥပုသ်သီလဆောက်တည်သူများ၊ ဘုရားဖူးများဖြင့် အထူးစည်ကားများပြားလျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်၏ သီတင်းကျွတ်ပွဲတော်ရက် ညပိုင်းများ၌ ဘုရားဖူးများဖြင့် စည်ကားသိုက်မြိုက်
Oct 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် သီတင်းကျွတ်ပွဲတော်ရက်မတိုင်ခင်ကပင် ရန်ပြေမာန်ပြေအောင်စကြာစေတီတော်မြတ်ကြီး၌ သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် ဈေးအရောင်းပွဲတော်များ၊ ပျော်ပွဲ၊ ရွှင်ပွဲများ ကျင်းပလျက်ရှိရာ ယခုအချိန် သီတင်းကျွတ်ပွဲတော်ရက် ညပိုင်းများ၌ ဘုရားဖူးလာပြည်သူများ၊ ဈေးအရောင်းပွဲတော်သို့ လာရောက်ကြသူများ၊ ပျော်ပွဲ၊ ရွှင်ပွဲများတွင် ပါဝင်ဆင်နွှဲကြသူများဖြင့် လွန်စွာ စည်ကားသိုက်မြိုက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ်တွင် သီတင်းကျွတ်လဆန်း (၁၄) ရက်နေ့၌ ဘုရားဖူးလာသူများဖြင့် စည်ကား
Oct 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ သီတင်းကျွတ်လဆန်း (၁၄) ရက်နေ့ ညနေပိုင်းမှ စတင်ပြီး ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သီတင်းကျွတ်လပြည့်နေ့တွင် ချမ်းအေးသာစံမြို့နယ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း၌ ဧကဒသမအကြိမ်၏ (၁၃) ပတ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူ
Oct 17,2024
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း (၈၀) ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့က ဦးစီး၍ ဧကဒသမအကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူပွဲကို အောက်တိုဘာလ ၁၇ ရက် (သီတင်းကျွတ်လပြည့်)နေ့ နံနက် ၆ နာရီက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့၌ ဆွမ်းတော်ကြီးကပ်လှူပွဲနှင့် ဆီမီးထွန်းညှိပူဇော်
Oct 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်ရှိ မျက်ရှင်တော်ပြည်လုံးချမ်းသာဘုရားကြီး၌ ယမန်နေ့ သီတင်းကျွတ်အဖိတ်နေ့ ညနေပိုင်းက ဆွမ်းတော်ကြီးကပ်လှူကြပြီး၊ ညပိုင်းတွင် ဆီမီးများ ထွန်းညှိပူဇော်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ်တွင် သီတင်းကျွတ်လပြည့်နေ့၌ ဥပုသ်သီလစောင့်တည်ခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိ
Oct 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်း ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များ ဝါမှထသောနေ့၊ ပဝါရဏာပြုကြသောနေ့၊ မြတ်စွာဘုရားသခင်သည် တာဝတိံသာ၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူသည်မှာ အောင်မြင်စွာ ပြီးဆုံးသောနေ့ (ဝါ) အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာ၊ နတ်၊ လူ သုံးပုံသူတို့ မြတ်စွာဘုရားအား အတူတကွကြည်ဖြူ ပူဇော်ကြသောနေ့၊ လောကဝိဝရဏတန်ခိုးတော်ကြောင့် စကြဝဠာတစ်ဝှမ်းလုံးကို တိုးလျှိုပေါက်မြင်ကြရသောနေ့ စသည့် ဂုဏ်ထူးဝိသေသထူးခြားသောနေ့ဖြစ်ခြင်းကြောင့် ဖျာပုံမြို့နယ်အတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းကျွတ်လပြည့်နေ့၌ ဥပုသ်သီလစောင့်တည်ခြင်း၊ စတုဒီသာကျွေးမွေးခြင်း၊ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ (၈၅) ကြိမ်မြောက် သာသနာ့အနွယ်ဝင် သီလရှင် (၆၂)ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေ လောင်းလှူ
Oct 17,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ လစဉ်လပြည့်နေ့တိုင်း လှူဒါန်းလျက်ရှိသည့် (၈၅) ကြိမ်မြောက် သာသနာ့အနွယ်ဝင် သီလရှင်(၆၂)ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေလောင်းလှူပွဲကို ယနေ့နံနက် ၈ နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6713
Page
6714
Page
6715
Page
6716
Current page
6717
Page
6718
Page
6719
Page
6720
Page
6721
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department