Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကသာမြို့လုံးကျွတ် သံဃာ့မဟာပဝါရဏာပွဲတော်နှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲပြုလုပ်
Oct 18,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့လုံးကျွတ် သံဃာ့မဟာပဝါရဏာပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က လေးထပ်ဘုန်းတော်ကြီးကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့၌ သီတင်းကျွတ်လပြည့်နေ့တွင် (၇၆) ကြိမ်မြောက် ပဝါရဏာပွဲ ကျင်းပ
Oct 18,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့တွင် (၇၆) ကြိမ်မြောက် ပဝါရဏာပွဲကို ငဖဲမြို့ ကျောင်းတွင်းရပ်ကွက် ကုန်းမြင့်ရတနာ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပဆောင်ရွက်ခဲ့ရာ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော် (၇၅)ပါးနှင့် မြို့ပေါ်ရပ်ကွက်များမှ ယုဝတီဝတ်အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ် မုရစ်ကြီးကျေးရွာ၌ စုပေါင်းဘုံကထိန် လှည့်လည်ပူဇော်ပွဲ လာရောက်ကြည့်ရှုသူများဖြင့် စည်ကား
Oct 18,2024
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မုရစ်ကြီးကျေးရွာတွင် ရှေးနှစ်ပေါင်းများစွာကတည်းက ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ကျင်းပခဲ့သည့် ရွာလုံးကျွတ် စုပေါင်းဘုံကထိန် လှည့်လည်ပူဇော်ပွဲကို ဆရာတော်ကြီးများ၏ ဦးဆောင်မှုဖြင့် ယမန်နေ့နေ့လယ်မှ ညနေအထိ မုရစ်ကြီးကျေးရွာတွင် ပဒေသာပင်များအား လှည့်လည်ပူဇော်ခဲ့ရာ ရပ်ဝေးရပ်နီးမှ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့၌ (၃၂) ကြိမ်မြောက် ဂိုဏ်းပေါင်းစုံ သံဃာ့မဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်များ စုပေါင်းလောင်းလှူပွဲ ကျင်းပပြုလုပ်
Oct 18,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဂိုဏ်းပေါင်းစုံဆရာတော်ကြီးများ ကြီးမှူး၍ ကျောင်းတိုက်အသီးသီးတို့မှ ဂိုဏ်းပေါင်းစုံ သံဃာတော်များ သံဃာ့မဟာပဝါရဏာပြုပွဲနှင့် ပဝါရဏာပြုသံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များ စုပေါင်းလောင်းလှူခြင်းကို သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) မွန်းလွဲပိုင်းက လေးဆူဓာတ်စံရွှေစာရံစေတီတော် တောင်ဖက်မုခ်အနီးရှိ ကလျာဏီသိမ်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ်ကျောင်းဝန်းအတွင်းရှိ ဆုတောင်းပြည့်စေတီတော်မြတ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အန…
Oct 18,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာတက္ကသိုလ်ကျောင်းဝန်းအတွင်းရှိ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းဝန်းအတွင်းရှိ စေတီတော်ကြီး ပရဝုဏ်အတွင်းကျင်းပရာ အခမ်းအနားသို့ ပင့်သံဃာ ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိတက္ကသိုလ်များမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့်အလှူရှင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြ…
Oct 18,2024
မြတ်စွာဘုရားရှင်အား ဆီမီးတန်ဆောင် ထွန်းလင်းပူဇော်ခြင်းဟူသော အစဉ်အလာအတိုင်း သီတင်းကျွတ်လတွင် မီးထွန်းပွဲပြုလုပ်ကြရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္တုကံတော်တွင် တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်၌ နေပြည်တော်ကောင်စီမှ ကြီးမှူး၍ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲနှင့် မီးပုံးပျံများ လွှတ်တင်ပူဇော်ပွဲကို ယမန်နေ့ ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ညနေ့ ၆ နာရီတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မုံရွာမြို့၌ သီတင်းကျွတ်ဆီမီးပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Oct 18,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဆီမီး၅၀၀၀ ပူဇော်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက မုံရွာမြို့၊ ရွှေစည်းခုံစေတီတော် ရင်ပြင်တော်ပရဝဏ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီမြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်) နေ့ ဆီမီး (၁၀၀၀) ထွန်းညှိပူဇော်ခြင်းနှင့် မီးပ…
Oct 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီမြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးတွင် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်) နေ့၌ ဆီမီး (၁၀၀၀) ထွန်းညှိပူဇော်ခြင်းနှင့် မီးပုံးပျံများ လွှတ်တင်ပူဇော်၍ ဘုရားဖူးမိဘပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6708
Page
6709
Page
6710
Page
6711
Current page
6712
Page
6713
Page
6714
Page
6715
Page
6716
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department