အမြို့မြို့အနယ်နယ်သတင်းများ

Oct 18,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာလ (၁) ရက်နေ့က စတင်ပြီး မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများ အသီးသီးတို့တွင် ကောက်ကွက်ပေါင်း (၁၄၂) ကွက်တို့၌ ကောက်ကွက်တစ်ခုလျှင် စာရင်းကောက်(၄)ဦး၊ စာရင်းစစ် (၁) ဦး ပေါင်း (၅) ဦးဖြင့် စာရင်းကောက်/ စာရင်းစစ် (၅၅) ဦး (၁၁) ဖွဲ့တို့က အောက်တိုဘာ ၁၆ ရက်နေ့တွင် ကောက်ယူခြင်းပြီးစီးကြောင်းသိရသည်။      
Oct 18,2024
ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဗိုလ်တထောင်ဘိုးဘိုးကြီးအား ရွှေဥသျှောင် တော်လှူဒါန်းပူဇော်ခြင်းနှင့် စတုဒီသာလှူဒါန်းခြင်းအခမ်းနားကို ယနေနံနက် ၆ နာရီခွဲက ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်ရှိ နန်းဦးဘုရားကြီးတန်ဆောင်း၌ ကျင်းပရာ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ရန်ကုန်တိုင်းဒေသကြီး၊ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒွိပိဋကဓရ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိနှင့် ပင့်သံဃာတော်များ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ အလှူရှင် ဦးအောင်မျိုးဟိန်းနှင့်ဇနီးဒေါ်နီနီတင်ထွန်း၊ မိသားစုဝင်များ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ပူဇော်ခဲ့ကြသည်။
Oct 18,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်စေတီတော်မြတ်ကြီး (၁၄) ကြိမ်မြောက်အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကိုပုညကရဏဓမ္မရူံတော် (သုံးတပ်ဆောင်) ၌ ယနေ့ညနေ့ ၅နာရီအချိန်က ကျင်းပပြုလုပ်သည်။
Oct 18,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ သမိုင်းအထင်ကရဘုရားများတွင် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်)နေ့ ည ၇ နာရီအချိန်မှစတင်ကာ ဗုဒ္ဓဘုရားရှင်အားရည်ရွယ်၍ ဆီမီးပူဇော်ခဲ့ကြကြောင်း သိရသည်။
Oct 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အလှူရှင်များ စုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးနှင့် ပိဋကတ်သုံးပုံကျောက်စာတိုက်ကြီး၏ ဘုရားဝန်းအတွင်းတွင် ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။
Oct 18,2024
မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများ၌ ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများ၊ ဥပုသ်သီတင်းသီလဆောက်တည်သူများနှင့် စတုဒီတာကျွေးမွေးသူများဖြင့် စည်ကားများပြားလျက် ရှိသည်။
Oct 18,2024
ယနေ့သည် သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)ဖြစ်သည်နှင့်အညီ ဟုမ္မလင်းမြို့အတွင်းရှိ စေတီဘုရားများ၊ မြို့နယ်၊ ရပ်ကွက်အသီးသီးရှိ စေတီပုထိုး၊ ဓမ္မာရုံများတွင် ကုသိုလ်ပြုကြသူများ၊ အဘိဓမ္မာအခါတော်နေ့ ပူဇော်ပွဲများ သံဃာတော်များ၏ ပဝါရဏာပွဲများ၊ ပူဇော်ကန်တော့ပွဲများကို ပျော်ရွှင်စွာကျင်းပကြပြီး ဓမ္မစကြာဝတ်အသင်းများနှင့် ဘုရားဖူးလာပြည်သူများသည် ပန်း၊ ဆီမီး၊ ရေချမ်း၊ ရွှေသင်္ကန်းများ လာရောက်ပူဇော်ကြပြီး အထူးစည်ကားလျက်ရှိ၍ နေအိမ်များတွင်လည်း ဆီမီးရောင်စုံများ ထွန်းညှိပူဇော်ကြသည်။