အမြို့မြို့အနယ်နယ်သတင်းများ

Oct 18,2024
ဗုဒ္ဓဘာသာတို့၏ နေ့ထူနေ့မြတ်တစ်ရက်ဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ ယနေ့ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ ဘုရားစေတီ၊ ပုထိုးများနှင့် ဘုန်တော်ကြီးကျောင်းများသို့ ပြည်သူအများလာရောက်ကာ ဥပုသ်သီလဆောက်တည်ခြင်း၊ ပဋ္ဌာန်းတရားတော်နှင့် ပရိတ်တရားတော်များ ရွက်ပွားပူဇော်ခြင်း၊ ယဉ်ကျေးမှုအစဉ်အလာမပျက် မီးထွန်းပွဲတော်များကို စိတ်အေးချမ်းသာစွာဖြင့် စည်ကားသိုက်မြိုက် ပျော်ရွှင်စွာဆင်နွှဲလျက်ရှိပြီး၊ မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် ယခင်နှစ်များနည်းတူ သံဃာတော်များပင့်ဖိတ်၍ ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အသံမစဲမဟာပဋ္ဌာန်းကျမ်းတော်မြတ် ရွက်ဖတ်ပူဇော်ခြင်းနှင့် ဆီမီး(၉၀၀၀)၊ ပန်း (၉၀၀၀)၊ နံ့သာ(၉၀၀၀)ထွန်းညှိကပ်လှူပူဇော်ခြင်းကို ကျင်းပဆောင်ရွက်ရာ မြသလွန်စေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားများပြားလျက် ရှိသည်။
Oct 17,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁) ရပ်ကွက်၊ အပိုင်း(၆)၊ ၃၈×၃၉ လမ်းကြားနှင့် ၆၇ × ၆၈ လမ်းကြားရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ် လူနေအိမ်(၁)လုံး ယနေ့နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
Oct 17,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျိုက္ခမီ ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး သာသနာ့ဗိမာန်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 17,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်၊ မြို့မရုံးဦးကျောင်းတိုက်တွင် ယနေ့မွန်းလွဲ (၁) နာရီ သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့၌ ပဝါရဏာအခမ်းနားကျင်းပကြောင်း သိရသည်။
Oct 17,2024
ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ တက်ရောက်လာသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပြည်နယ်ဩဝါဒါစရိယ၊ သီရိမင်္ဂလာပုံဟော်ကြီး ကျောင်းဆရာတော်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တစန္ဒိမာထံမှ ငါးပါးသီလ ခံယူပြီး ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ချီးမြှင့်ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
Oct 17,2024
ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ အထိမ်းအမှတ် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက ဘားအံမြို့ သီရိကွင်း၌ကျင်းပရာ မီးပုံးပျံကြီး အလုံး(၃၀)ကို တပျော်တပါးစုပေါင်းလွှတ်တင်ပူဇော်ခဲ့ကြသည်။