Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ရခိုင်ပြည်နယ်အတွင်း ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ
Dec 15,2025
(၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်ရန်စစ်တွေမြို့သို့ ရောက်ရှိနေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးမြင့်စိုးနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရခိုင်ပြည်နယ်အတွင်း ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ
Dec 15,2025
(၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်ရန်စစ်တွေမြို့သို့ ရောက်ရှိနေသည့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်မိုးနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက ပြည်နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
လူငယ်ငြိမ်းချမ်းရေးဖိုရမ် (၂၀၂၆)ကို နေပြည်တော်၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၃၊ ၁၄၊ ၁၅ ရက်တွင်ကျင်းပပြုလုပ်မည်
Dec 15,2025
လူငယ်ငြိမ်းချမ်းရေးဖိုရမ် (၂၀၂၆)သို့ တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များရွေးချယ်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်က လူငယ်ငြိမ်းချမ်းရေးဖိုရမ် (၂၀၂၆)ကို နေပြည်တော်၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၃၊ ၁၄၊ ၁၅ ရက်တွင်ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘဝအလင်းစာကြည့်တိုက်ဖွင့်
Dec 15,2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင်ကျရောက်မည့် ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ မတည်ချီးမြှင့်ငွေဖြင့်ဆောက်လုပ်သော လှိုင်းဘွဲမြို့နယ် အထက်ရေပူကျေးရွာအုပ်စုရှိ ဘဝအလင်း စာကြည့်တိုက် ဖွင့်ပွဲကို ဒီဇင်ဘာ ၁၅ ရက် နံနက် ၈ နာရီက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံငွေပေးအပ်ခြင်း အခမ်းအနားပြုလုပ်
Dec 15,2025
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော်မြို့နယ်၌ "ဒို့အတူတူမဲပေးကြမယ်" ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ
Dec 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၌ "ဒို့အတူတူမဲပေးကြမယ်" ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မဟာဗန္ဓုလမ်းတစ်လျှောက် ဆက်လက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့မှူးတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြော
Dec 15,2025
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (ကော့မှူး) ကျောင်း၌ ယနေ့မွန်းလွဲပိုင်းက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Dec 15,2025
ရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေးအတွက် ကျိုက်မရောမြို့နယ်အတွင်း လူစည်ကားကာနေရာများနှင့် အခြေခံပညာကျောင်းများ၌ ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက မြို့အဝင်လမ်းဆုံဆိုင်တန်းများနှင့် လူစည်ကားရာ နေများနှင့်ကျောင်းများ၌ ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
64
Page
65
Page
66
Page
67
Current page
68
Page
69
Page
70
Page
71
Page
72
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department