ညောင်လေးပင် ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့၌ ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် အ.ထ.က (၁)ကျောင်းမှကျောင်းသူလေးများက "ဗမာမလေးပါရှင်" သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ပပစိုးက အဖွင့်အမှာစကား ပြောကြားကာ အထက်တန်းနှင့် အလယ်တန်းအဆင့်စာစီ စာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများနှင့်ကျပန်းစကား ပြောပြိုင်ပွဲများတွင် (ပထမ၊ ဒုတိယနှင့် တတိယ) ဆုရရှိသူများအား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ပပစိုး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သုသုအောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာ ဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ စာစီစာကုံး၊ ပန်းချီနှင့်ကျပန်းစကား ပြောပြိုင်ပွဲများတွင် အကဲဖြတ်ပေးခဲ့ကြသော အကဲဖြတ်ဒိုင်အဖွဲ့များအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရာဇာမြင့်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များအသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)