အမြို့မြို့အနယ်နယ်သတင်းများ

Jul 07,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝမြေဩဇာထုတ်လုပ်နည်းသင်တန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
Jul 07,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် GEC ပညာရေးငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက အမှတ် (၂) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (နမ့်စန်) သရဖီခန်းမတွင် ကျင်းပခဲ့သည်။
Jul 07,2025
မကွးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ၂၀၂၅ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပသည်။
Jul 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် (၃)မိုင်မြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းတွင် ယမန်နေ့နံနက် ၈ နာရီခွဲ အချိန်က လူငယ်အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့သည်။
Jul 07,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အဆင့်ဌာနဆိုင်ရာများ ၂၀၂၅-ခုနှစ် မိုးရာသီ စု​ပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၇ နာရီခွဲ က မုံရွာမြို့ နန္ဒ္ဝန်ရပ်ကွက်ရှိ စည်သူလမ်း၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများ စုစုပေါင်းအင်အား ၁၅၀ ဦး တက်ရောက်ခဲ့ကြသည်။
Jul 07,2025
ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ် (၉၀)၊ ရမ္မာဝတီလမ်း၊ မဟာပုညဝိဟာရကျောင်းဆရာတော် သဒ္ဒမ္မဇောတိကဓဇ အရှင်ဝိမလ၊ က‌နေဒါနိုင်ငံ Trae Lam Tay Thein ဘုန်းတော်ကြီးကျောင်းဆရာတော် HT. Thich Thein Tamq နှင့် ဗီယက်နမ်ဆရာတော် ၄ ပါး၊ သီလရှင် ၂ ပါးနှင့်အလှူရှင်များအဖွဲ့သည် ဇူလိုင် ၆ ရက် မွန်းလွဲ (၁) နာရီက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၆၂လမ်း၊ လမ်း၂၀ရှိ ခင်မကန်တိုက်၊ မဟာဝိဇယာရာမ ခင်မကန်ဓမ္မဗိမာန်တော်ကြီးတွင် နန်းတော်ရှေ့ရှိ ငလျင်ဒဏ်သင့်ဘုန်းတော်ကြီးကျောင်း (၅၀) သို့ အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
Jul 07,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ငလျင်ဒဏ်ခံစားခဲ့ရသည့် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်သော ဆန်ရိက္ခာ (၁) လစာပေးအပ်ပွဲကို ဇူလိုင် ၆ ရက် နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 07,2025
တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ရှင်းလင်းပြသခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားကို  ဇူလိုင် ၆ ရက် နံနက် ၉ နာရီက ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။