အမြို့မြို့အနယ်နယ်သတင်းများ

Mar 12,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ယနေ့နံနက်ပိုင်းတွင် အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 12,2026
ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ယမန်နေ့နံနက်ပိုင်းက ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ်ကြီး ဖွင့်လှစ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။
Mar 12,2026
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှ စတင်၍ စာစစ်ဌာနအလိုက် ဆက်လက်ဖြေဆိုလျက်ရှိသည်။
Mar 12,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ဌာနဆိုင်ရာများပူးပေါင်း၍ ပြည်သူလူထုများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
Mar 12,2026
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ပုလောမြို့နယ်အတွင်းရှိ အ.ထ.က (၁) စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို မတ်လ ၁၂ ရက်နေ့ နံနက် ၉ နာရီတွင် အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 12,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးတက်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေဗဟုသုတလေ့လာဖတ်ရှုလာစေရန်နှင့် အနာဂတ်သားကောင်းရတနာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပခဲ့သည်။
Mar 12,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနကဦးဆောင်ပြီး မြို့နယ်အားကစားကွင်း၌ မတ် ၁ ရက်မှ ၁၅ ရက်အထိ နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Mar 12,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ၂၀၂၆ ခုနှစ်၊ နိုင်ငံတော်အစိုးရမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဆက်ကပ်လှူဒါန်းရာတွင် “မဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ရရှိတော်မူသော ဆရာတော်ဘဒ္ဒန္ဒသုခမိန္ဒ(စဝ်ဆုခမ်း)အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုဂုဏဝိသိဒ္ဒပူဇာသဘင် အခမ်းအနားကို လွယ်တိန်ခမ်းဘုရားကျောင်းဓမ္မာရုံကြီးတွင် ယမန်နေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။