မြောင်းမြမြို့တွင် ဝါးလက်မှုထည်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

မြောင်းမြ ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မြစိမ်းရောင်တောင်တော် သုဒဿနတန်ဆောင်းကြီး၌ ဇွန်လ(၉)ရက်နေ့ နံနက်(၉း၀၀)နာရီအချိန်က ဝါးလက်မှုထည်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့သည်။

အခမ်းအနားတွင် မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မာင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးအောင်ကိုကိုက အမှာစကားဆက်လက်ပြောကြားခဲ့သည်။ ထို့နောက် မြောင်းမြခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝေဝေလင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြ ဦးထွန်းထွန်းဦးက သင်တန်းတွင် ပို့ချမည့်သင်ခန်းစာများအကြောင်း ရှင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၂၀) ဦးတို့အား ဇွန်လ (၉) ရက်နေ့မှ (၂၄) ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)