အမြို့မြို့အနယ်နယ်သတင်းများ

Nov 07,2024
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးဌာန၏ (၃၆) နှစ်မြောက်၊ နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မန်းတောင်ခြေရှိ၊ အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
Nov 07,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆) ကြိမ်မြောက် နှစ်ပတ်လည်နေ့ ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် အာဟာရပစ္စည်းများနှင့် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ရွှေဘိုပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်ခဲ့သည်။
Nov 07,2024
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက် ဌာနနှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၆ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပသည်။
Nov 07,2024
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ၂၀၂၃-၂ဝ၂၄ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ ကျောင်းသူများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီက အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း၊ ဧသီဒါခန်းမတွင် ကျင်းပပြုလုပ်သည်။
Nov 07,2024
မွန်ပြည်နယ်၊ မုဒုံမြို့ နိုင်းပြိုင်ကျေးရွာတွင် ပြည်သူများ စာပေအသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဆောက်လုပ်မည့် စာကြည့်တိုက် အဆောက်အဦအသစ် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက အဆိုပါကျေးရွာရှိ စာကြည့်တိုက်ဆောက်လုပ်မည့် မြေနေရာ၌ ပြုလုပ်သည်။
Nov 07,2024
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့၊ ယနေ့တွင် ကျရောက်သည့် ပြည်ထဲရေဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစားအရာရှိကြီးများ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် အရာထမ်း/အမှုထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
Nov 07,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် ရွာဘဲနယ်မြေမူယာပင်ရပ် လေးထပ်ပြင် ဖူဆယ်ဘောလုံးအားကစားကွင်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။