ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဝန်ကြီးများ လေးထပ်ပြင်ဖူဆယ်ဘောလုံးအားကစားကွင်းဖွင့်ပွဲတက်ရောက်ဖွင့်လှစ်ပေး

ပြည် နိုဝင်ဘာ  ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် ရွာဘဲနယ်မြေမူယာပင်ရပ် လေးထပ်ပြင် ဖူဆယ်ဘောလုံးအားကစားကွင်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ လေးထပ်ပြင် ဖူဆယ်ဘောလုံးအားကစားကွင်းဖွင့်ပွဲကို ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ စီးပွားရေးရာဝန်ကြီးဦးတင်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင့်ဆွေနှင့် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လေးထပ်ပြင်ဖူဆယ်ဘောလုံးအားကစားကွင်းက မ္ဗည်းမော်ကွန်းအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ စီးပွားရေးရာဝန်ကြီးဦးတင်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင့်ဆွေတို့က အမွှေနံ့သာရည်များဖြင့် ပက်ဖြန်းပေးခဲ့ကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဖူဆယ်ဘောလုံးအားကစားသမားများအား အားကစားပစ္စည်းများပေးအပ်ခဲ့ပြီး ရှေးဦးစွာ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးအသင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အသင်းတို့ စတင်ယှဥ်ပြိုင်ကစားနေမှုကို ​ကြည်ရှုအားပေးခဲ့ကြ​ကြောင်း သိရသည်။

ကိုစိုး(ပြန်ဆက်)