အမြို့မြို့အနယ်နယ်သတင်းများ

Dec 03,2024
မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်းအခမ်းအနားကို  နိုဝင်ဘာ ၂၈ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊  ပြည်နယ်တရားလွှတ်​တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
Dec 03,2024
၂၀၂၄ ခုနှစ်၊ ပြည်နယ်အဆင့် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁) နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
Dec 03,2024
ပြည်သူများ မီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှုမရှိစေရေး၊ ဈေးအတွင်းရှိ ကုန်စည်များ မီးဘေးအန္တရာယ်ကျ‌ရောက်မှုမရှိစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ မြို့မဈေးအတွင်း၌ ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီက ဆောင်ရွက်ခဲ့သည်။
Dec 03,2024
၂၀၂၄-ခုနှစ် ယနေ့ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ လှုပ်ရှားမှုအဖြစ်ပြုလုပ်သည့် အားကစားပြိုင်ပွဲများကို နိုဝင်ဘာ(၂၉)ရက်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အိုးစု(၃)လမ်းရှိ နားမကြားသော ကလေးများကျောင်း(ရန်ကုန်)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
Dec 03,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာနတွင်၊ မင်းစော (တောင်သမန်) ရေးသားသည့် “အောင်မြင်ရေးသော့ချက်-၂” စာအုပ် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Dec 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ရေး၊ ကျဆင်းရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဦးစီးကော်မတီ၏ ကြီးကြပ်မှုဖြင့် အိမ်ထောင်စုများအား ကြက်ဥ၊ ဘဲဥများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို နိုဝင်ဘာ(၂၉)ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်း လူစည်ကားရာနေရာများ၌ ရောင်းချပေးခဲ့သည်။
Dec 03,2024
ကယားပြည်နယ် ဥပဒေချုပ်ရုံးနှင့် ပြည်နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် Grade 11 နှင့် Grade 12 ကျောင်းသား၊ ကျောင်းသူများအတွက် ဆရာ၊ ဆရာမများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာ(၂၉)ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ပညာရေးမှူးရုံး၊ ပညာဗိမာန်ခန်းမ၌ကျင်းပရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဥပဒေအရာရှိများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
Dec 03,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ မြို့မအခြေခံပညာ အထက်တန်းကျောင်းတွင် သားအိမ်ခေါင်းကင်ဆာနှင့် ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို  ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်း၌ ‌ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။