မြစ်သား ဒီဇင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ မြို့မအခြေခံပညာ အထက်တန်းကျောင်းတွင် သားအိမ်ခေါင်းကင်ဆာနှင့် ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်း၌ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြစ်သားမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်မြဝင်းနှင့်ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူလေးများကို သားအိမ်ခေါင်းကင်ဆာ၊ ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။ ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့မအခြေခံပညာအထက်တန်းကျောင်းမှ KG ၊ G1 ၊ G2 ၊ G3 ၊ G4 ၊ G5 အတန်းများရှိ ကျောင်းသား၊ ကျောင်းသူ (၇၀)ဦးအား ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းနှင့်ကျောင်းသူ (၄၁)ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာသို့ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်မြဝင်းနှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့မအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းရီနှင့် ဆရာ၊ ဆရာမများ၊ ကာကွယ်ဆေးထိုးနှံသော ကျောင်းသား၊ ကျောင်းသူလေးများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ဝါဝါမြင့်(မြစ်သား)