အမြို့မြို့အနယ်နယ်သတင်းများ

Dec 02,2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အ.ထ.က(ငါးဘတ်ချောင်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 02,2024
ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ်၊ အ.ထ.က(သု၀ဏ္ဏ)ကျောင်း၊ သီရိသု၀ဏ္ဏပညာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Dec 02,2024
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာ နေထိုင်လျက်ရှိသည့် ပြည်သူများနေထိုင်ရေးနှင့် လိုအပ်သည့်အခြေခံစားသောက်ကုန်များအား စဉ်ဆက်မပြတ် ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ  ယမန်နေ့နံနက်ပိုင်းက မင်းကျောင်းပရိယတ္တိ စာသင်တိုက်သို့ သွားရောက်ကာ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့်  လင်ဖုံလေး ကျေးရွာ၊ လင်ဖုံလေးကျောင်းတိုက်မှ လွိုင်ကော်မြို့သို့ တိုက်ပွဲရှောင် ရောက်ရှိလာသည့် ဆရာတော်၊ သံဃာတော်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများအား လှူဒါန်းထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့သည်။
Dec 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်‌ရေးမှူးရုံးတို့ ညှိနှိုင်းပူး‌ပေါင်း၍ Fresh Egg မှ ကြက်ဥ အလုံး (၁၀၀၀၀) ထုတ်ယူ၍ သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် ၈ နာရီ ၄၅မိနစ်တွင် ပြည်သူများလက်ဝယ်သို့ တိုက်ရိုက်ရောင်းချပေး‌ကြောင်း သိရသည်။
Dec 02,2024
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို နိုဝင်ဘာလ(၂၈)ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 02,2024
ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် Grade-11 နှင့် Grade-12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း(TOT) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်နှင့် ဥပဒေအရာရှိများ၊ နေပြည်တော်ရှိ ခရိုင်ဥပဒေအရာရှိများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
Dec 02,2024
နိုင်ငံ​တော်အစိုးရမှ မြန်မာတစ်နိုင်ငံလုံးရှိ စာကြည့်တိုက်များ ဖွံဖြိုးတိုးတက်​ရေးနှင့် လူငယ်များ ဘက်စုံဖွံဖြိုးတိုးတက်​ရေးကို ​ဆောင်ရွက်​ပေးလျက်ရှိရာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စာကြည့်တိုက်များ ဖွံဖြိုးတိုးတက်​ရေးအတွက် ယနေ့မန်မွန်းလွဲပိုင်းက ကျိုက္ခမီ(မြို့မ)စာကြည့်တိုက် ပြန်လည်ပြုပြင်နေမှုအား ကွင်းဆင်း​ကြည့်ရှုစစ်​ဆေး ဆောင်ရွက်ခဲ့ကြသည်။