အမြို့မြို့အနယ်နယ်သတင်းများ

Dec 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ခနောင်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၊ ခနောင်(၁)၌ ပြုလုပ်ခဲ့သည်။
Dec 10,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉) နာရီအချိန်က မန်ကန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အခြေခံပညာဦးစီးဌာနလက်အောက်ရှိ ကျောင်းများမှ ဆရာ/ဆရာမများအား ဥပဒေအသိပညာများသိရှိနားလည်ပြီး ကျောင်းသား၊ ကျောင်းသူများအား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရာဇသတ်ကြီး၊ လောင်းကစားဥပဒေ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေများကို ပြန်လည်သင်ကြားပို့ချနိုင်စေရန်ရည်ရွယ်၍ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဥ်(၂)ဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က ဖျာပုံမြို့အ.ထ.က(၃)ကျောင်း မြမဥ္ဇူခန်းမ၌ ကျင်းပ​ပြုလုပ်သည်။
Dec 10,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်၊လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 10,2024
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် အ​ခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်​ရေးလူငယ်စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီက အ.ထ.က(မိုင်းဖြတ်)ရှိ ​ရွှေလီ​ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့​​ကြောင်း သိရသည်။
Dec 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ယမန်နေ့ နေ့လယ်(၂)နာရီအချိန်၌ (၄)နှစ်သင်ပညာရေးဒီဂရီကောလိပ် ပထမနှစ်၊ ပထမနှစ်ဝက် သင်တန်းသား/သူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဖျာပုံခရိုင်နှင့် ဘိုကလေးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်၏ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။
Dec 10,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဆောင်းသီးနှံများ၊ ရာသီပေါ်သီးနှံများစိုက်ပျိုးကြသည့်အပြင် သပြေပန်းကို တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအဖြစ် စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများအနေဖြင့် မိသားစုအပိုဝင်ငွေရရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
Dec 10,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ အခြေခံပညာဦးစီးဌာန၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ကျောင်းသား/ ကျောင်းသူများအား သာသနာတော်ထွန်းကား ပြန့်ပွားစေရန်ရည်ရွယ်၍ ယဥ်ကျေးလိမ္မာစာမေးပွဲဖြေဆိုခဲ့ရာ ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်း(အုတ်တွင်း)ကျောင်းအစည်းအဝေးခန်းမတွင် ယဥ်ကျေးလိမ္မာဆုပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။