မိုင်းခုတ် ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်၊လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သီတာအေးက အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ကျောင်းသား၊ကျောင်းသူများကျောင်းစာအပြင်အခြားဗဟုသုတများရရှိစေရန်နှင့် နေ့ထူးနေ့မြတ်များကို တန်ဖိုးထားမမေ့အပ်စေလိုကြောင်းကို အကျယ်တဝင့်ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာအသိပညာပေးစာအုပ် စာစောင်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် သုံးစွဲခြင်းဖြင့်ရရှိနိုင်သည့်ဆိုးကျိုး အန္တရာယ်များ၊ လူကုန်ကူးမှုအသိပညာပေးအကြောင်းအရာများပါဝင်သည့် နံရံကပ်စာစောင်များအား တက်ရောက်လာသော လူငယ်၊လူရွယ်များက ဖတ်ရှု့လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)