အမြို့မြို့အနယ်နယ်သတင်းများ

Dec 10,2024
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှကြီးမှူး၍ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် အမျိူသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် ကျားမအခြေပြုအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
Dec 10,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ကကြီးမှူး၍ ဆယ်အိမ်စုမှူးသင်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဖွင့်လှစ်ပို့ချခဲ့သည်။
Dec 10,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Dec 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် လွိုင်လင်းခေတ်မီစံပြကျေးရွာ(SMART VILLAGE)ရှိ အမှတ်(၁၇)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်များဗလငါးတန်နှင့်ပြည့်စုံစေရေး လူငယ်စကားဝိုင်း ပြုလုပ်ခဲ့ကြသည်။
Dec 10,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီမှစတင်၍ သီးထပ်စိုက်စွမ်းအား ၂၀၀ ရာခိုင်နှုန်းထိ တိုးချဲ့စိုက်ပျိုးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့၊ စက်မှုရပ်ကွက်နှင့် မန်ခိန်ရပ်ကွက်အတွင်း စံပြစိုက်ကွင်း တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဗလမင်းထင်စံပြစိုက်ကွင်းသို့သွား ရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Dec 10,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက မီးခိုးမြူငွေ့ညစ်ညမ်းမှုအ‌ကြောင်း အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးခန့် တက်ရောက်ခဲ့သည်။
Dec 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Dec 10,2024
၂၀၂၄−၂၀၂၅ ပညာသင်နှစ် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးနှင့် ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက ဟားခါးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း(၄)ကျောင်း၊ မူလွန်ကျောင်း(၁)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၁)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၇)ကျောင်း စုစုပေါင်းကျောင်း(၁၃)ကျောင်းနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးများတွင်ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ကြည့်ရှုအားပေးသည်။