မန်ကန် ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉) နာရီအချိန်က မန်ကန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်အိဇာချိုက ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက်(၃)ရပ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်နှင့်အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားနှင့်စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာပြဌာန်းချက်များစသည့် သိကောင်းစရာများကိုလည်းကောင်း၊ အနာဂတ်တွင်နိုင်ငံတော်မှအားထားရမည့်ကျောင်းသား/သူ၊ လူငယ်များအား ဗလ(၅)တန်းနှင့်ပြည့်စုံစေရန်၊ အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရန်၊ အမှား၊ အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်အတွက် စာအုပ်စာစောင်များကိုလေ့လာဖတ်ရှုကြရေး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများကို ငယ်စဉ်ကတည်းက ဖန်တီးကြရေးစသည်တို့ကို ဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲများခင်းကျင်းပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရ သည်။
အိဇာချို(မန်ကန်၊ပြန်/ဆက်)