အမြို့မြို့အနယ်နယ်သတင်းများ

Dec 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၀:၀၀ နာရီအချိန်ကစတင်၍ ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးကျွေးမွေးခြင်း အခမ်းအနားကိုကျင်းပခဲ့ကြောင်း သိရသည်။
Dec 10,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ မဲပရကျေးရွာအုပ်စုရှိ အ.မ.က တနင်းသရောကျောင်း၌ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Dec 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မြို့မကျောင်း၊ မြင့်မိုရ်ခန်းမ၌ ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။
Dec 10,2024
ကရင်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၇/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
Dec 10,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်/လူရွယ်များဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယ​မန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ပညာဖူးပွင့်ကိုယ်ပိုင်အထက်တန်းကျောင်း ဖူးပွင့်ရတနာခန်းမ၌ ကျင်းပခဲ့သည်။
Dec 10,2024
အခြေခံရုံးလုပ်ငန်းများ အချိန်မီပြီးမြောက်နိုင်ရေးအတွက် ကွန်ပျူတာကျွမ်းကျင်မှုမရှိသေးသည့် ဝန်ထမ်းများအား ကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ e - Government အထောက်အကူပြု ကွန်ပျူတာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီတွင် မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
Dec 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌၊ (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Dec 10,2024
ကရင်ပြည်နယ်၊ ဘားအံပညာရေးဒီဂရီကောလိပ်တွင် (၄) နှစ် သင်ပညာရေးဒီဂရီကောလိပ် (ပထမ) နှစ်သို့ တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီက အဆိုပါကောလိပ် သီရိခန်းမ၌ ကျင်းပသည်။