ကျိုက်လတ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲပြုလုပ်

ကျိုက်လတ် ဒီဇင်ဘာ  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ခနောင်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၊ ခနောင်(၁)၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြတ်နိုးသူက လမ်းလျှောက်ခြင်းနှင့် အားကစားပြုလုပ်ခြင်းကြောင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊ လူငယ်နှင့်အားကစား၊ အားကစားနှင့်လေ့ကျင့်ခန်း၏ အဓိပ္ပါယ်၊ အားကစားအမျိုးအစားများ၊ အားကစား၏ထူးခြားသည့် ဝိသေသများအကြောင်းတို့ကိုဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများကို လေ့ကျင့်ခန်းများသင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ “အသိပညာပေးဟောပြောပွဲ”သို့ အ.မ.ကခနောင်(၁)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းလှိုင်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

လှိုင်မင်းအောင်